BBC navigation

ထိုင်းနိုင်ငံမှာ လူထောင်ပေါင်း များစွာ ဆန္ဒပြကြ

နောက်ဆုံး ရေးသားချိန် 24 နိုဝင်ဘာလ 2012 - 16:43 GMT
_demo_bangkok

ဘန်ကောက်က ဆန္ဒပြနေသူများ

ထိုင်းနိုင်ငံက ဘန်ကောက်မြို့တော်မှာတော့ ဝန်ကြီးချုပ် ယင်လပ် ရှင်နာဝတ်ရဲ့ အစိုးရကို မကျေနပ်လို့ ဆန္ဒပြကြသူ ထောင်ပေါင်း များစွာကို လုံခြုံရေး တွေက မျက်ရည်ယို ဗုံးတွေ သုံးပြီး ဖြိုခွဲ ခဲ့ကြပါတယ်။

နောက်ပြီး ဒါဇင်ပေါင်း များစွာ ကိုလည်း ထိန်းသိမ်း လိုက်ကြပါတယ်။

ဒီဆန္ဒပြပွဲ ကိုတော့ ဘုရင်ကို ထောက်ခံ ကြတဲ့သူတွေရဲ့ အဖွဲ့သစ် ပစ်တပ် ဆိုင်ယမ် က ဦးဆောင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အရင်က ထိုင်းစစ်တပ်က ဗိုလ်ချုပ်ကြီး တဦးက ဒီအဖွဲ့ကို ဦးဆောင် တာဖြစ်ပြီး သူက ထိုင်း နိုင်ငံက ဒီမိုကရေစီ ဟာ အတုအယောင် ဖြစ်တယ်လို့ ဆိုပါတယ်။

အခု ဆန္ဒပြသူ တွေက လက်ရှိ ဝန်ကြီးချုပ် ယင်လတ်ကို အစ်ကို တော်သူ အရင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ ရုပ်သေးရုပ် ဆိုပြီး စွပ်စွဲ နေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ယင်လတ် ရှင်နာဝတ် ရဲ့ အစိုးရကို အာဏာသိမ်းမယ် ဆိုတာကိုတော့ သူတို့ တွေက ငြင်းဆိုထားပါတယ်။

အခု ညနေစောင်း မှာတော့ ဆန္ဒပြပွဲ တွေကို ပြန်လည် ရုတ်သိမ်း လိုက်ပြီ ဖြစ်ပါတယ်။

ဆန္ဒပြပွဲရုတ်သိမ်းလိုက်တာနဲ့ပတ်သက်ပြီး ဆန္ဒပြပွဲ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဟောင်း စေအိုင့် က သတင်းထောက် တွေကို ပြောကြား ရာမှာတော့ ဆန္ဒပြပွဲကို ရုတ်သိမ်းဖို့ ဆုံးဖြတ်ရ တာကတော့ မျှော်မှန်းထားတဲ့ အတိုင်း ဆန္ဒပြတဲ့သူ သိန်းချီ-သန်းချီ မလာရောက် ကြဘဲ နည်းနေလို့ ဆန္ဒပြပွဲကို ရပ်လိုက်ကြောင်း၊ နောက် တစ်ချက်က ဆန္ဒပြသူ တွေကို အကြမ်းဖက် မှုဖြစ်ပြီး သေကြေ တာမျိုးကိုလည်း မဖြစ်စေချင်တာကြောင့် ဆန္ဒပြပွဲကို ရုတ်သိမ်း လိုက်တာ ဖြစ်ကြောင်းနဲ့ နောက်ထပ်လည်း ဆန္ဒပြပွဲကို ဦးဆောင် လုပ်မှာ မဟုတ်တော့ဘူးလို့ ပြောကြား သွားခဲ့ ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။