BBC navigation

ပါကစ္စတန်မှာ ရှီယာတွေကို ဗုံးခွဲတိုက်ခိုက်

နောက်ဆုံး ရေးသားချိန် 25 နိုဝင်ဘာလ 2012 - 15:12 GMT

ရှီယာတွေဟာ မွတ်ဆလင်တွေ မဟုတ်ဘူး လို့ တာလီဘန် တွေက ယူဆ ထားကြ

ပါကစ္စတန် နိုင်ငံ အနောက်မြောက် ဘက်ပိုင်းက ရှီယာ မွတ်ဆလင်တို့ ရဲ့ ဘာသာရေး ပွဲ ကျင်းပ နေတဲ့ အနီးမှာ အင်အားပြင်း ဗုံးတလုံး ပေါက်ကွဲ ခဲ့တဲ့ အတွက် လူငါးဦး သေဆုံး သွားပြီး အနည်းဆုံး ၈ ဦးလောက် တော့ ဒဏ်ရာ ရရှိသွား ပါတယ်။

ဒီရာ အစ္စမေးလ် ခမ်း မြို့မှာ ဖြစ်ပွား ခဲ့တဲ့ ဒီပေါက်ကွဲမှုဟာ ဒုတိယ အကြိမ် ဖြစ်ပြီး၊ မနေ့ ကလည်း ဗုံးတလုံး ပေါက်ကွဲ ခဲ့တဲ့ အတွက် လူ ၈ ဦး သေဆုံး သွားရာ အများစုဟာ ကလေးတွေ ဖြစ်ကြ ပါတယ်။

ပါကစ္စတန် တာလီဘန်တွေက ရှီယာ မွတ်ဆလင်တွေကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့တာ လို့ ပြောပါတယ်။ ရှီယာတွေဟာ မွတ်ဆလင်တွေ မဟုတ်ဘူးလို့လည်း တာလီဘန်တွေက ယူဆထား ကြတာ ဖြစ်ပါတယ်။

ရှီယာမွတ်ဆလင်တို့ အထွဋ်အမြတ်ထားတရာ မူဟာရမ် လ လို့ခေါ်တဲ့ အခုလ အတွင်း ဘာသာရေး ပွဲတော်တွေ ကျင်းပနေတာ ဖြစ်တဲ့ အတွက် ပါကစ္စတန် နိုင်ငံ တလွှား တိုက်ခိုက်မှု တွေကို တားဆီး နိုင်ဖို့ အတွက် အခု သီတင်းပတ်ကုန် အချိန် အတွင်း ရဲတပ်ဖွဲ့ဝင်နဲ့ အရံ စစ်သည် အင်အား ထောင်သောင်းချီ ချထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။