BBC navigation

အီဂျစ်သမ္မတ နဲ့ တရားသူကြီးတွေ ညှိနှိုင်း

နောက်ဆုံး ရေးသားချိန် 26 နိုဝင်ဘာလ 2012 - 16:23 GMT
egypt

သမ္မတ အာဏာ တိုးမြှင့် အပ်နှင်းပြီးနောက် တင်းမာနေ

အီဂျစ် နိုင်ငံရေး အကျပ်အတည်း ကြီးထွား လာတာကို ဖြေရှင်းဖို့ ကြိုးစားတဲ့ အနေနဲ့ သမ္မတ မိုဟာမက် မော်စီနဲ့ ထိပ်တန်း တရားသူကြီးတွေ ကနေ့ တွေ့ဆုံပါတယ်။

အာဏာကို အလုံးစုံ ထိန်းချုပ် လုနီးနီး သူ့ကိုယ်သူ အရင်ပတ်က တိုးမြှင့် အပ်နှင်းခဲ့တဲ့ အမိန့် ထုတ်ပြန်ခဲ့ပြီး နောက် တင်းမာမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြဖို့ ရှိပါတယ်။

ဒီအမိန့်အာဏာကို ကန့်သတ်တဲ့ ညှိနှိုင်း သဘောတူချက် ရဖို့ တရား လွှတ်တော်ချုပ် က တောင်းဆို ထားပါတယ်။

အစ္စလာမ် ဝါဒီ သမ္မတ မစ္စတာ မော်စီကို ထောက်ခံသူ ကန့်ကွက်သူ နှစ်ဘက်လုံးက အကြီးအကျယ် ဆန္ဒပြဖို့ တာစူ နေချိန်မှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

မစ္စတာ မော်စီရဲ့ အမိန့် အာဏာ ဆီလျော်မှု ရှိမရှိ ဒီဇင်ဘာလ ၄ ရက်နေ့မှာ တရားရုံး တရုံးက ကြားနာမှာပါ။

တင်းမာမှု တွေ တိုးပွား နေချိန်မှာပဲ ဖြစ်ပွားခဲ့တဲ့ ဆူပူမှုတွေ အတွင်း သေဆုံးတဲ့ အီဂျစ် လှုပ်ရှားသူ ၂ ယောက်ရဲ့ အသုဘကို ထောင်နဲ့ချီတဲ့ ပြည်သူတွေ လိုက်ပါ ပို့ဆောင် ခဲ့ကြပါတယ်။

ဒီအမိန့်ဟာ ယာယီ ထုတ်ပြန်တဲ့ အမိန့်သာ ဖြစ်ကြောင်း အီဂျစ် သမ္မတရုံးက ပြောကြားပေမယ့် အမိန့် ပယ်ဖျက်ဖို့ ကန့်ကွက် ဆန္ဒပြပွဲတွေ နိုင်ငံ အဝှမ်း ပျံ့နှံ့ သွားခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။