BBC navigation

အင်္ဂလန် ဗဟိုဘဏ် ဥက္ကဌ ရာထူး နိုင်ငံခြားသားကို ရွေးချယ်

နောက်ဆုံး ရေးသားချိန် 27 နိုဝင်ဘာလ 2012 - 00:57 GMT

လာမယ့်နှစ် ဇွန်လမှာ အင်္ဂလန် ဗဟိုဘဏ် ဥက္ကဌ ဖြစ်လာတော့မယ့် မာ့ခ် ကာနေး

ဗြိတိန် ဗဟိုဘဏ် ဥက္ကဌ ရာထူးအတွက် လက်ရှိ ကနေဒါက ဗဟိုဘဏ် ဥက္ကဌ အဖြစ် တာဝန် ထမ်းဆောင်နေတဲ့ ကနေဒါ နိုင်ငံသား မာ့ခ် ကာနေး ကို ခန့်ထားဖို့ ကြေညာလိုက်ပါတယ်။

လွန်ခဲ့တဲ့ နှစ်သုံးရာလောက်ထဲက ထူထောင်ထားတဲ့ ဗြိတိန်ရဲ့ အဓိက ဘဏ္ဍာရေး အဖွဲ့အစည်းမှာ ပထမဆုံးတယောက်ကို အကြီးအကဲ ရာထူး ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန် ၊ ဥရောပနဲ့ ကမ္ဘာစီးပွားရေး အကြပ်အတည်း ကျချိန် ၊ တကမ္ဘာလုံးနဲ့ ဆိုင်တဲ့ ဘဏ္ဍာရေး စံနစ်ကို ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ အရေးပါတဲ့ အချိန်မှာ ဒီရာထူးကို တာဝန်ယူ ထမ်းဆောင်မှာ ဖြစ်တယ်လို့ မစ္စတာ ကာနေးက ပြောပါတယ်။

၂ဝဝ၈ ခုနှစ်မှာ ဘဏ်တွေ အကြပ်အတည်း ကျရောက်ချိန်မှာ အင်္ဂလန် ဗဟိုဘဏ်မှာ စည်းမျဉ်း သတ်မှတ်ချက် ပြဌာန်းခွင့် အာဏာ ရလာပြီး ဗြိတိန် စီးပွားရေး တည်ငြိမ်မှုမှာ ဗဟိုဘဏ်ဟာ အချက်အချာ ကျလှတာ ဖြစ်ပါတယ်။

မစ္စတာ ကာနေးဟာ သူတို့ မျိုးဆက် အတွင်းမှာ ထူးချွန် ထက်မြက်တဲ့ ဗဟိုဘဏ် ဥက္ကဌ တယောက် ဖြစ်တယ်လို့ ဗြိတိန် ဘဏ္ဍာရေး ဝန်ကြီး ဂျော့ချ် အော့စ်ဘွန်းက ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။