BBC navigation

တောင်ကိုရီးယား ရွေးကောက်ပွဲ မဲဆွယ်မှု တရားဝင်စတင်

နောက်ဆုံး ရေးသားချိန် 27 နိုဝင်ဘာလ 2012 - 16:57 GMT
South Korea Presidential Candidates

တောင်ကိုရီးယား သမ္မတ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင် ကြမယ့် သမ္မတလောင်း နှစ်ယောက်

တောင်ကိုရီးယား နိုင်ငံ သမ္မတ ရွေးကောက်ပွဲ အတွက် မဲဆွယ်ပွဲ တွေကို တရားဝင် စတင် လိုက်ပြီ ဖြစ်ပါတယ်။

အဲဒီ ရွေးကောက်ပွဲမှာ တောင်ကိုရီးယား စစ်ခေါင်းဆောင်ဟောင်း ရဲ့ သမီး ဖြစ်သူ ပတ်ဂျုံဟဲ Park Geun-hyeနဲ့ အဲဒီ စစ်ခေါင်းဆောင် ဟောင်းက ဖမ်းဆီး ထောင်ချခဲ့တဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူ တို့ ယှဉ်ပြိုင် ကြမှာ ဖြစ် ပါတယ်။

သူက တောင်ကိုရီးယားရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်လာဖို့ ရည်မှန်း နေတာ ဖြစ်ပါတယ်။

၁၉၆၀ ပြည့်လွန် နှစ်တွေ အတွင်းက သူ့ ဖခင် ပတ်ချုံဟီး Park Chung-hee အာဏာ ရရှိလာခဲ့တဲ့ စစ်တပ်က အာဏာ သိမ်းယူ ခဲ့မှုနဲ့ ပတ်သက်ပြီး သမီး ဖြစ်သူ ပတ်ဂျုံဟဲက ကာကွယ် ပြောဆိုခဲ့ ပါတယ်။

ဒါပေမဲ့ သူက အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ဆောင်မယ်လို့ ကတိပေးခဲ့တဲ့ အပြင် နိုင်ငံ့ စီးပွားရေး၊ မြောက်ကိုရီးယား အရေးတို့နဲ့ ပတ်သက်ပြီး အလယ် အလတ် မူဝါဒ တွေကို ချပြခဲ့ ပါတယ်။

ပတ်ဂျုံဟဲ အကြိတ် အနယ် ယှဉ်ပြိုင် ရမယ့်သူကတော့ တောင်ကိုရီးယား နိုင်ငံရဲ့ စီးပွားရေးကို လက်ဝါးကြီးအုပ် ထားတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေရဲ့ အခွင့်ထူး ခံရမှု တွေကို တိုက်ခိုက် ပြောဆိုတဲ့ အတိုက်အခံ လစ်ဘရယ် ပါတီက မွန်း ဂျေအင် Moon Jae-in ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။