BBC navigation

အီဂျစ် အခြေခံ ဥပဒေ မူကြမ်း မဲခွဲဖို့ ရှိ

နောက်ဆုံး ရေးသားချိန် 29 နိုဝင်ဘာလ 2012 - 01:25 GMT
သမ္မတ မော်စီကို ကန့်ကွက်ဆန္ဒပြသူများ

သမ္မတ မော်စီကို ကန့်ကွက်ဆန္ဒပြသူများ

အီဂျစ် အခြေခံ ဥပဒေ မူကြမ်း ရေးဆွဲ နေတာ နောက် နာရီ ပိုင်း အတွင်း ပြီးစီးတော့မှာမို့ ကြာသပတေး နေ့မှာ အမြန် မဲခွဲဖို့ ရှိတယ်လို့ အခြေခံ ဥပဒေ သစ် ရေးဆွဲ ရေး တိုင်းပြည်ပြု လွှတ်တော် ဥက္ကဋ္ဌ က ပြောကြား လိုက်ပါတယ်။

သမ္မတ မော်စီ ရဲ့ အတည်ပြုချက် ရရင် ပြည်သူ့ ဆန္ဒ ခံယူပွဲ ကျင်းပဖို့ ရှိပါတယ်။

ဒါဟာ ကြီးထွား လာတဲ့ နိုင်ငံရေး အကျပ်အတည်းကို ပြောင်းလဲ နိုင်ဖို့ ကြိုးစား တာလို့ သမ္မတ ထောက်ခံတဲ့ အစ္စလာမ် ဝါဒီများ က ပြောကြား ပါတယ်။

လူအများ စိုးရိမ် နေကြ သလို မွတ်ဆလင် ညီနောင်များ အဖွဲ့ အကြိုက် ဆွဲထားတဲ့ ဥပဒေ ကြမ်း မျိုး ထွက်လာရင် အခြေ အနေ ပိုဆိုးဖို့ပဲ ရှိတယ်လို့ အတိုက်အခံ တွေ ဘက်က ဆိုပါတယ်။

မစ္စတာ မော်စီရဲ့ သမ္မတ အာဏာ တိုးချဲ့ယူတဲ့ အမိန့် ကြေညာချက် ကြောင့် တရားရေး ဌာနနဲ့ ရင်ဆိုင် တင်းမာမှု တွေ ဖြစ်နေချိန်မှာပဲ ဒီလို ကြေညာ ခဲ့တာ ဖြစ်ပါတယ်။

အခုလိုသမ္မတကို လိုလားသူတွေက အခြေခံဥပဒေကိုအမြန်ရေးနေချိန်မှာတော့ ကိုင်ရို တာရီယာ ရင်ပြင်မှာ သမ္မတကို ထောက်ခံသူနဲ့ ဆန့်ကျင်သူ ဆန္ဒပြသူတွေကြား ကြိုးကြား ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ကြပါတယ်။

အခြေခံဥပဒေဆိုင်ရာ ခုံရုံးကတော့ သမ္မတက အာဏာအသစ်တွေ ရဖို့လုပ်နေတာဟာ အခြေခံဥပဒေရုံးကို လက်စားချေတာဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။