BBC navigation

ဆီးရီးယားမှာ ကားဗုံးကွဲပြန်

နောက်ဆုံး ရေးသားချိန် 28 နိုဝင်ဘာလ 2012 - 16:13 GMT

ကားဗုံးကွဲခဲ့တဲ့ ဆီးရီးယားမြို့တော် ဒမားစကပ် ရဲ့ ဆင်ခြေဖုံး ဂျာရာမာနာ ရပ်ကွက်

ဆီးရီးယား မြို့တော် ဒမားစကပ် ရဲ့ ဆင်ခြေဖုံး ရပ်ကွက်မှာ ကားဗုံး ၂ လုံးပေါက်ကွဲခဲ့မှုကြောင့် လူအနည်းဆုံး ၃၄ ဦး သေဆုံးခဲ့ပြီး ဒါဇင်နဲ့ ချီပြီး ဒါဏ်ရာ ရခဲ့ပါတယ်။

ဂျာရာမာနာ ရပ်ကွက်ရဲ့ အဓိကနေရာ ရင်ပြင်မှာ ဗုဒ္ဓဟူးနေ့ မနက် ၇ နာရီ အချိန်လောက်က အဲဒီဗုံး ၂ လုံး ရှေ့ဆင့် နောက်ဆင့် ပေါက်ကွဲ ခဲ့တာပါ။

ဒီတိုက်ခိုက်မှုဟာ အကြမ်းဖက် သမားတွေရဲ့ လက်ချက် ဖြစ်တယ်လို့ ဆီးရီးယား အစိုးရ ရုပ်သံက စွပ်စွဲ ပြောကြား ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ မနက် အစောပိုင်း ကလည်း ဆီးရီးယား အစိုးရနဲ့ သူပုန်တွေ အကြား တိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ ဂျာရာမာနာက ဘီဘီစီ သတင်းထောက်က သတင်း ပေးပို့ ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။