BBC navigation

ဗြိတိန်က သတင်းစာ ကျင့်ဝတ်ဆိုင်ရာ အစီရင်ခံစာ

နောက်ဆုံး ရေးသားချိန် 29 နိုဝင်ဘာလ 2012 - 17:37 GMT

အယူခံ တရားရုံး တရားသူကြီး ဖြစ်သူ လဗဲက်ဆန်က အစီရင်ခံစာ ကို ပြုစုခဲ့တာ ဖြစ်ပါတယ်

ဗြိတိန် နိုင်ငံမှာ သတင်းစာ ကျင့်ဝတ်နဲ့ ပတ်သက်ပြီး တနှစ်ကြာ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ ပြီးနောက် တွေရှိခဲ့ ချက်တွေ အပေါ် အစီရင်ခံစာ ထွက်ရှိ လာပြီ ဖြစ်ပါတယ်။

သတင်းစာ ဆရာ တချို့ ကနေ လက်ကိုင်ဖုန်း တွေကို ကြားဖြတ် နားထောင် အချက်အလက် ခိုးယူခဲ့တဲ့ ကိစ္စရပ် တွေနဲ့ ပတ်သက်ပြီး ဝေဖန် ရှုတ်ချကြောင်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဒီအတွက် သတင်းစာ ကျင့်ဝတ်နဲ့ ပတ်သက်ပြီး သတင်းစာတိုက်တွေ အနေနဲ့ ပိုမို တင်းကျပ်တဲ့ စည်ကမ်းချက်တွေ ချမှတ် ကျင့်သုံးဖို့ အတွက်လည်း တောင်းဆို ထားပါတယ်။

အစီရင်ခံစာ ကို ပြုစုခဲ့တဲ့ အယူခံ တရားရုံး တရားသူကြီးဖြစ်သူ လဗဲက်ဆန်က ကျင့်ဝတ် စည်းကမ်းတွေကို စောင့်ကြည့်မယ့် လွတ်လပ်တဲ့ အဖွဲ့သစ် တခု လိုအပ် နေပြီ ဖြစ်တယ်လို့ ပြောပါတယ်။

အကြောင်း ကတော့ သတင်းစာတွေကြောင့် ရိုးသားတဲ့ ပြည်သူတွေရဲ့ ဘဝတွေကို အကြီး အကျယ် ထိခိုက်စေ ခဲ့တယ်လို့ သူက ပြောပါတယ်။

သူ့ရဲ့ တင်ပြချက်တွေကို ဥပဒေ ပြဌာန်းချက်တွေလို လုပ်ဆောင်စေဖို့ မဟုတ်ကြောင်းနဲ့၊ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်နဲ့ ပတ်သက်ပြီး အကာ အကွယ်ပေးဖို့ ကတော့ အစိုးရ တာဝန် ဖြစ်တယ်လို့ သူက ထပ်လောင်း ပြောကြား ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။