BBC navigation

ကိုဆိုဗို ဝန်ကြီးချုပ်ဟောင်း ကို တရားသေလွှတ်

နောက်ဆုံး ရေးသားချိန် 29 နိုဝင်ဘာလ 2012 - 15:33 GMT

ကိုဆိုဗို မြို့တော် ပရစ်စတီးနား မှာတော့ လူအုပ်ကြီးဟာ အောင်ပွဲခံပြီး ပျော်ရွှင်နေ ကြပါတယ်

စစ်ရာဇတ်မှုနဲ့ တရားစွဲဆိုခြင်း ခံထားရတဲ့ ကိုဆိုဗို ဝန်ကြီးချုပ် ဟောင်း ရာမုရှ် ဟာရာ ဒင်နာ ကို the Hague မြို့ ကုလသမဂ္ဂ အယူခံ တရားရုံး ကနေ တရားသေ လွှတ်ပေး လိုက် ပါတယ်။

မစ္စတာ ဟာရာဒင်နာ ဟာ ၁၉၉၈ ခုနှစ်များက ကိုဆိုဗို လွတ်မြောက်ရေး တပ်မတော်ရဲ့ ခေါင်းဆောင် အဖြစ် တာဝန်ယူ ထားချိန် အတွင်း ဆာ့ဗ်လူမျိုး၊ အဲလ်ဘေး နီးယား လူမျိုးနဲ့ ရိုမာ လူမျိုးတွေ အပေါ် စစ်ရာဇတ်ဝတ်မှု ကျူးလွန် ခဲ့တယ် ဆိုပြီး စွပ်စွဲ ခံထားရတာ ဖြစ်ပါတယ်။

သူ့အပေါ် စွပ်စွဲထားချက်တွေ အတွက် အထောက် အထား မပြနိုင်ဘူး ဆိုပြီး တရားရုံးက အမိန့်ချလိုက်တာ ဖြစ်ပါတယ်။

မစ္စတာ ဟာရာဒင်နာကို ၂၀၀၈ ခုနှစ် ကတည်းက အမှု ကနေ လွှတ်ပေး လိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့်လို သက်သေတွေကို ခြိမ်းချောက်မှု လုပ်တယ် ဆိုတဲ့ အကြောင်း ပြချက်နဲ့ လွှတ်ပေးတဲ့ အမိန့်ကို ပြန်ပြီး ပယ်ချ လိုက်တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ the Hague စစ်ရာဇဝတ်မှု တရားရုံးမှာ ပြန်ပြီး တရားစီရင်ဖို့ ဆုံးဖြတ်ချက် ချခဲ့တာ ဖြစ်ပါတယ်။

ကိုဆိုဗို မြို့တော် ပရစ်စတီးနား မှာတော့ သူ့ကို အခုလို တရားသေ လွှတ်ပေး လိုက်တဲ့ အပေါ် လူအုပ်ကြီးဟာ အောင်ပွဲခံပြီး မီးရှူး မီးပန်းတွေ ဖေါက်ကာ ပျော်ရွှင်နေ ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။