BBC navigation

ဘရက်ဒ်လေ မန်းနင်း ရုံးထုတ်ပြီ

နောက်ဆုံး ရေးသားချိန် 30 နိုဝင်ဘာလ 2012 - 01:02 GMT
bradley manning

ထိန်းသိမ်းထားစဉ် ကြမ်းတမ်းစွာ ဆက်ဆံခံရ

ဝီကိလိ ဝက်ဆိုက် ကို အမေရိကန် လျှို့ဝှက် မှတ်တမ်း တွေ ထောင်နဲ့ချီ ပေးခဲ့တယ်လို့ စွပ်စွဲ ခံနေရတဲ့ အမေရိကန် စစ်သား ဘရက်ဒ်လေ မန်းနင်း မေရီလန်း ပြည်နယ် က အမေရိကန် စစ် ခုံရုံးမှာ ပထမဆုံး အကြိမ် ထွက်ဆို ခဲ့ပါတယ်။

သူ့ကို ထိန်းသိမ်း ထားစဉ် အတွင်း ကြမ်းကြမ်း တမ်းတမ်း ဆက်ဆံ ခံရတယ်လို့ သူက ဆိုပါတယ်။

အမြင့်ဆုံး ပြစ်ဒဏ် ထောင် တသက် ထိ ကျနိုင်တဲ့ ရန်သူကို ကူညီမှု စတဲ့ စွဲချက် တွေနဲ့ စစ်သား မန်နင်း ရင်ဆိုင် နေရပါတယ်။

သူ့ကို အခန်းကျဉ်း လေးထဲမှာ ၉ လ ကြာ တယောက်ထဲ တိုက်ပိတ် ထားတာနဲ့ပဲ အပြစ်က ကြေလောက်ပါပြီလို့ မန်းနင်းက စောဒက တက်ပါတယ်။

၂ဝ၁ဝ ပြည့်နှစ် မေလက အီရတ်မှာ သူ့ကို ဖမ်းဆီး ခဲ့ပြီး နောက်ပိုင်း ထိန်းသိမ်း ထားခဲ့တာပါ။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။