BBC navigation

ဆီးရီးယားမှာ အင်တာနက် လိုင်းတွေပြတ်

နောက်ဆုံး ရေးသားချိန် 30 နိုဝင်ဘာလ 2012 - 16:59 GMT

ဆီးရီးယား အရေး တက်ကြွသူတွေဟာ သတင်းတွေ တင်ဖို့ အတွက် အင်တာနက်ကို အဓိက အားထားပါတယ်

ဆီးရီးယား နိုင်ငံ ဒေသ အတော် များများမှာ တယ်လီဖုန်းနဲ့ အင်တာနက် လိုင်းတွေ ပြတ်တောက် နေတာ အခု ဆိုရင် ၂ ရက် ရှိလာ နေပြီ ဖြစ်ပါတယ်။

မြို့တော် ဒမားစကပ်စ် တောင်ဘက်ပိုင်းမှာ လည်း အစိုးရ တပ်တွေနဲ့ သူပုန်တွေ အကြား တိုက်ခိုက် မှုတွေ ဆက်ရှိ နေတယ် ဆိုတဲ့ သတင်းတွေ ရရှိ ပါတယ်။

လမ်းတွေ ပိတ်သွားတဲ့ အတွက် မြို့တော် လေဆိပ်ကို ကြာသပတေးနေ့က သွား မရတော့ ပေမယ့် သောကြာနေ့ မှာတော့ လမ်း ပြန်ပွင့် သွားပုံ ပေါ်တယ်လို့ ဆီးရီးယား လူ့အခွင့် အရေး စောင့်ကြည့် လေ့လာ နေတဲ့ အဖွဲ့က ပြောပါတယ်။

တခြား သတင်း တပုဒ် အရ ဆိုရင်တော့ လေယာဉ် ခရီးစဉ်တွေ ရှိနေ ပေမယ့် လေယာဉ် တက်တာ ဆင်းတာ ကိုတော့ မတွေ့ရဘူးလို့ ဆိုပါတယ်။

လေယာဉ်ကွင်း အလုပ်သမားတွေ တင်ဆောင် လာတဲ့ ဘတ်စကား တစီး လက်နက်ကြီးကျည် ထိမှန်တဲ့ အတွက် လူ ၂ ဦး သေးဆုံး သွားတယ်လို့ လည်း သိရပါ တယ်။

လေဆိပ် အနီး ဆင်ခြေဖုံး နေရာ တချို့မှာ အမြောက်တွေနဲ့ ညလုံးပေါက် အကြီးအကျယ် ပစ်ခတ် နေတယ် ဆိုတဲ့ သတင်းတွေလည်း ရရှိပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။