BBC navigation

အစ္စရေး အိမ်သစ်တွေ တိုးချဲ့ဆောက်

နောက်ဆုံး ရေးသားချိန် 1 ဒီဇင်ဘာလ 2012 - 01:12 GMT
jewish settlement

အစ္စရေး သိမ်းပိုက် နယ်မြေမှာ တိုးချဲ့ဆောက်

ပါလက်စတိုင်း အဆင့်အတန်း ကို တိုးမြှင့် ပေးဖို့ ကုလ သမဂ္ဂ အထွေထွေ ညီလာခံက မဲခွဲ ဆုံးဖြတ်ပြီး နောက် တနေ့မှာပဲ အစ္စရေး သိမ်းပိုက် ထားတဲ့ နယ်မြေမှာ အိမ်သစ် အလုံး ၃ ထောင် ဆောက်ဖို့ အစ္စရေး အစိုးရက ခွင့်ပြု လိုက်ပါတယ်။

ကုလ သမဂ္ဂ မဲခွဲ ဆုံးဖြတ်ချက် အရ ပါလက်စတိုင်း ကို အဖွဲ့ဝင် မဟုတ်တဲ့ လေ့လာသူ နိုင်ငံ အဆင့် အသိအမှတ်ပြု လိုက်ပြီ ဖြစ်ပါတယ်။

ဝါရှင်တန် အိမ်ဖြူတော် က ထုတ်ပြန်ချက်မှာ အစ္စရေး လုပ်ရပ်ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်စဖို့ ခက်လိမ့်မယ် လို့ ရှုတ်ချ ထားတာ တွေ့ရပါတယ်။

နိုင်ငံရေး အရ ဘာမှ မတုံ့ပြန် လိုက်ရဘဲ မဲကို အတည်ပြုနိုင် သွားတယ်ဆိုရင် ဒါဟာ ပျော့ညံ့တာပဲလို့ အစ္စရေးက ယူဆ ထားကြောင်းဘီဘီစီ သတင်းထောက် က ပြောကြား ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။