BBC navigation

အီဂျစ်သမ္မတကို ထောက်ခံသူတွေ ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 1 ဒီဇင်ဘာလ 2012 - 17:03 GMT

အတိုက်အခံ တွေ ပြုလုပ်ခဲ့တဲ့ လူထု ဆန္ဒပြပွဲ တွေကို တန်ပြန် ဆန့်ကျင် ပြုလုပ်တာ ဖြစ်ပါတယ်

အီဂျစ်သမ္မတ မိုဟာမက်မော်ဆီကို ထောက်ခံ သူတွေနဲ့ မူဆလင် ညီနောင်များအဖွဲ့ ဟာ နိုင်ငံတလွှား ဆန္ဒပြပွဲတွေ စတင်နေပြီ ဖြစ်ပါတယ်။

ဒါဟာ မကြာသေးခင် ရက်ပိုင်းတွေ အတွင်း အတိုက် အခံ တွေ ပြုလုပ်ခဲ့တဲ့ လူထု ဆန္ဒပြပွဲ တွေကို တန်ပြန် ဆန့်ကျင် ပြုလုပ်တာ ဖြစ်ပါတယ်။

မစ္စတာ မော်ဆီဟာ အာဏာ အားလုံးနီးပါးကို ချုပ်ကိုင်ကာ၊ အခြေခံ ဥပေဒသစ် ကိုလည်း အစ္စလာမ်မစ်တွေ ကြီးစိုး ထားတဲ့ ပါလီမန် ကနေ အလျင် အမြန် အတည်ပြု လိုက်တဲ့နောက် သူ့ကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။

ပါလီမန်က အတည်ပြု လိုက်တဲ့ အခြေခံ ဥပေဒမူကြမ်းကို မစ္စတာ မော်ဆီဟာ ဟာ စနေနေ့မှာ လက်ခံ ရရှိမှာ ဖြစ်ပါတယ်။

သူဟာ ဒီမူကြမ်းကို အတည်ပြုပြီး နောက် လူထု ဆန္ဒခံယူဖို့ကို မျှော်လင့်ရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။