BBC navigation

မြောက်ကိုရီးယားကြောင့် ဒေသတွင်း တည်ငြိမ်မှု ထိခိုက်နိုင်

နောက်ဆုံး ရေးသားချိန် 2 ဒီဇင်ဘာလ 2012 - 01:01 GMT
north korea

မြောက်ကိုရီးယားက စမ်းသပ် ဒုံးပျံ ပစ်လွှတ်မယ့် နေရာ

မြောက်ကိုရီးယား နိုင်ငံက ဒီနှစ် ကုန်ပိုင်းမှာ ပြုလုပ်မယ့် ဒုံးပျံ စမ်းသပ် ပစ်လွှတ်မှုဟာ ရန်စတဲ့ အပြုအမူမျိုး ဖြစ်တဲ့ အတွက် ဒေသတွင်း တည်ငြိမ်မှုကို ထိခိုက် စေတယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာနရဲ့ ပြောခွင့်ရသူက ပြုံးယမ်းရဲ့ ဒီလို ဒုံးပျံ ပစ်လွှတ်မှုဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို တိုက်ရိုက်ချိုးဖောက် မှုပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အစောပိုင်းက မြောက်ကိုရီးယားက ဒုတိယ အကြိမ်မြောက် ဂြိုဟ်တု စမ်းသပ် ပစ်လွှတ်မှု လုပ်ဦးမှာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ ပထမအကြိမ် စမ်းသပ် ပစ်လွှတ်မှုကိုတော့ ပြီးခဲ့တဲ့ ဧပြီလက ပြုလုပ် ခဲ့တာ ဖြစ်ပြီး အောင်မြင်မှု မရခဲ့ပါဘူး။

ဧပြီလက ပစ်လွှတ်စဉ်ကတော့ လွှတ်တင် ပြီး ခဏအတွင်းမှာ ပျက်သွား ခဲ့ပေမယ့် အခုတော့ သူတို့ရဲ့ သိပ္ပံပညာ ရှင်တွေက ဂြိုဟ်တုမှာရော လွှတ်တင် ပေးမယ့် ဒုံးပျံမှာပါ တိုးတက် ကောင်းမွန်အောင် ပြုပြင်မှုတွေ လုပ်ထားပြီး ဖြစ်တယ်လို့ မြောက်ကိုးရီးယားက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။