BBC navigation

အီဂျစ်ခုံရုံး တရားသူကြီးတွေ သပိတ်တား ခံရ

နောက်ဆုံး ရေးသားချိန် 2 ဒီဇင်ဘာလ 2012 - 16:28 GMT
egypt

အခြေခံ ဥပဒေ အတွက် ခုံရုံး ဆုံးဖြတ်ဖို့ အချိန်ကျ

ကိုင်ရို မြို့တော်မှာ ရာနဲ့ချီတဲ့ အီဂျစ် သမ္မတ မော်စီ ထောက်ခံသူ တွေက အခြေခံ ဥပဒေ ခုံရုံး တရားသူကြီးတွေ အစည်းအဝေး တက်လို့ မရအောင် တားဆီး ခဲ့ကြလို့ ခုံရုံးကို ပိတ်ပစ်ခဲ့ ပါတယ်။

တရားသူကြီး တွေကို ဒီလို စိတ် အနာတရ ဖြစ်အောင် လုပ်ကြံခဲ့လို့ များစွာ နာကျင် စိတ်ဆင်းရဲ ရတယ်လို့ အခြေခံ ဥပဒေ ခုံရုံးက ထုတ်ပြန် ခဲ့ပါတယ်။

ဒီတရားသူကြီး တွေက အခြေခံ ဥပဒေ မူကြမ်း အသစ် အပေါ် စီရင်ချက် ချဖို့ တွေ့ကြမှာ ဖြစ်ပါတယ်။

အစ္စလာမ် ဝါဒီတွေ ကြီးစိုးတဲ့ လွှတ်တော်က ဆွဲတဲ့ အခြေခံ ဥပဒေ မူကြမ်းက တရားဝင် သလား ဆိုတာ အခြေခံ ဥပဒေ ခုံရုံးက ကနေ့ ဆုံးဖြတ်ဖို့ အချိန်ကျ နေပြီ ဖြစ်ပါတယ်။

အဆိုပြု ထားတဲ့ အခြေခံ ဥပဒေ အတွက် ၂ ပတ် အတွင်း ပြည်သူ့ ဆန္ဒ ခံယူပွဲ လုပ်မယ်လို့ စနေနေ့က သမ္မတ မော်စီ ကြေညာ ခဲ့ပါတယ်။

ဒီ အခြေခံ ဥပဒေ အတည်ဖြစ်ဖို့ မစ္စတာ မော်စီ ထောက်ခံသူ အမတ် တွေ ကြာသပတေး နေ့က ညလုံးပေါက် စည်းဝေး ခဲ့ကြတာ ဖြစ်ပါတယ်။

အခြေခံ ဥပဒေသစ်မှာ အခြေခံ လွတ်လပ်ခွင့် တွေကို ချိုးနှိမ် ထားတယ်လို့ အတိုက်အခံ တွေဘက်က ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။