BBC navigation

အစ္စရေး တိုးချဲ့နယ်မြေ ကိစ္စ သတိပေးခံရ

နောက်ဆုံး ရေးသားချိန် 3 ဒီဇင်ဘာလ 2012 - 16:18 GMT
israel

အစ္စရေး သိမ်းပိုက် ထားတဲ့ ပါလက်စတိုင်း နယ်မြေမှာ အခြေချ နေထိုင်သူ တွေ အတွက် အိမ်ရာသစ်တွေ ထောင်နဲ့ချီ ပြီး တိုးချဲ့ ဆောက်မယ့် အကြံကို ပြန်စဉ်းစားဖို့ အစ္စရေး အပေါ် သံတမန် ရေး ဖိအား ပေးမှု တွေ တိုးလာ နေပါပြီ။

ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဝီလျံ ဟိဂ်ကလဲ တရားမဝင် အခြေချ နယ်မြေတွေ တိုးချဲ့ တာကို ပြင်းထန်စွာ ရှုတ်ချ ကြောင်း၊ ဗြိတိန် အနေနဲ့ ပါလက်စတိုင်း ပြည်သူ တွေ ကမ္ဘာ့ နိုင်ငံတွေ အလယ်မှာ တန်းတူ ရည်တူ ဂုဏ်သိက္ခာနဲ့ နေနိုင်တာကိုသာ လိုလားကြောင်း သတိပေး ပြောကြား သွားပါတယ်။

ကုလ သမဂ္ဂက ပါလက်စတိုင်း ကို တိုးမြှင့် အသိအမှတ် ပြုဖို့ မဲခွဲ ဆုံးဖြတ် ခဲ့တာကို တုံ့ပြန် ကြေညာ လိုက်တဲ့ ဒီစီမံကိန်း တွေ ကို ကန့်ကွက်ဖို့ ဗြိတိန်နဲ့ ပြင်သစ် အစိုးရ တွေက အစ္စရေး သံအမတ် တွေကို ဆင့်ခေါ် ထားကြ ပါတယ်။

ဒီ ဆောက်လုပ်ရေး စီမံကိန်း တွေ ကြောင့် နှစ်ပြည်ထောင်ကြား ငြိမ်းချမ်းရေး စာချုပ် ချုပ် ဆိုရေး ကို ခြိမ်းခြောက် လာနိုင်ပြီး အစ္စရေး အနေနဲ့ ဒါတွေ ဆက်လုပ်ရင် ပြင်းထန် တဲ့ အကျိုး သက်ရောက်မှု တွေ ရလိမ့်မယ်လို့ ဗြိတိန် က သတိပေး ပြောကြား ပါတယ်။

ရုရှ ဂျာမနီ နဲ့ ကုလ သမဂ္ဂ ကလဲ ကန့်ကွက် ထားကြ ပါတယ်။

ဒီလို အခြေချ နယ်မြေ သစ်တွေ တိုးချဲ့ လာမှု ကြောင့် ပါလက်စတိုင်း နိုင်ငံ ကို တဝက် လှီးဖဲ့လိုက် သလို ဖြစ်လိမ့်မယ်လို့ ပါလက်စတိုင်း ဘက်က စိုးရိမ် နေကြ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။