BBC navigation

ဆီးရီးယားကို သမ္မတ အိုဘားမား သတိပေး

နောက်ဆုံး ရေးသားချိန် 3 ဒီဇင်ဘာလ 2012 - 23:22 GMT
syria_obama

ဆီးရီးယားကို သတိပေးလိုက်တဲ့ သမ္မတ အိုဘားမား

အမေရိကန် သမ္မတ အိုဘားမားက ဆီးရီးယား သမ္မတ ဘာရှာ အဲလ် အာဆတ်ဒ်ကို သူပုန်တွေနဲ့ ဖြစ်ပွား နေတဲ့ တိုက်ပွဲတွေ အတွင်းမှာ ဓာတု လက်နက်တွေ သုံးစွဲမယ့် ကိစ္စမျိုးကို လုံးဝ လက်ခံမှာ မဟုတ်ဘူးလို့ သတိပေး ပြောကြား လိုက်ပါတယ်။

မစ္စတာ အိုဘားမားက ပြောကြားရာမှာ အာဆတ်ဒ်နဲ့ သူ့လက်အောက်က လူတွေကို တကမ္ဘာလုံးက စောင့်ကြည့် နေကြတဲ့ အကြောင်းနဲ့ ဆီးရီးယား အနေနဲ့ ကိုယ့် ပြည်သူ လူထု အပေါ်မှာ ဒီလို ဓာတု လက်နက် တွေကို သုံးစွဲ တိုက်ခိုက်မယ် ဆိုရင် အဲဒီ မှားယွင်းတဲ့ လုပ်ရပ်ရဲ့ အကျိုးဆက်ကို ခံရမယ့် အကြောင်း ပြောပါတယ်။

ဆက်လက်ပြီး မစ္စတာ အိုဘားမားက ဒီကိစ္စတွေကို ကျူးလွန်သူ တွေကိုလည်း အရေးယူသွားမယ်လို့ ဆိုပါတယ်။

ဆီးရီးယားမှာ ဓာတုလက်နက် တွေရဲ့ အစိတ်အပိုင်း တွေကို နေရာ ပြောင်းရွေ့နေတဲ့ အထောက်အထား တွေကို တွေ့ရှိ ထားတယ်လို့ အမေရိကန် အရာရှိ တွေက ပြောပါတယ်။

အစောပိုင်းကတော့ ဆီးရီးယား က အဲဒီလို သူ့ပြည်သူ လူထု အပေါ်မှာ ဓာတု လက်နက် သုံးပြီး တိုက်ခိုက်တာမျိုးတွေ လုပ်မှာ မဟုတ်တဲ့ အကြောင်းကို ငြင်းဆို ထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။