BBC navigation

ဆီးရီးယားက ကုလဝန်ထမ်းတချို့ ပြန်ရုပ်သိမ်း

နောက်ဆုံး ရေးသားချိန် 3 ဒီဇင်ဘာလ 2012 - 22:51 GMT
syria un

ဆီးရီးယားက ကုလဝန်ထမ်း တချို့ကို ပြန်ခေါ်လိုက် ပါတယ်။

ဆီးရီးယား နိုင်ငံမှာ အခြေအနေတွေ ပိုမို ဆိုးဝါးလာနေ တဲ့အတွက် ကုလသမဂ္ဂက အရေးမကြီးတဲ့ ဝန်ထမ်းတွေကို ဆီးရီးယား ကနေ ပြန်လည် ရုပ်သိမ်း နေပါတယ်။

ဒမတ်စကပ်စ် မြို့အပြင် ဘက်မှာ ရှိနေတဲ့ လူသားချင်းစာနာတဲ့ အကူအညီပေးရေး လုပ်ငန်းတွေအားလုံး ကိုလည်း လတ်တလောမှာ ရပ်ဆိုင်းထားတော့မှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ပြောခွင့်ရသူက ပြောကြား ရာမှာတော့ ကုလသမဂ္ဂ အနေနဲ့ ဆီးရီးယား အတွင်းမှာ ရှိနေတဲ့ နိုင်ငံတကာက အမှုထမ်း တွေထဲက မရှိလို့ ဖြစ်တဲ့ ဝန်ထမ်းတွေကို ချက်ချင်း ရုပ်သိမ်း သွားတော့မှာ ဖြစ်ကြောင်း၊ ကုလသမဂ္ဂ အနေနဲ့ အခြေအနေတွေ ပြောင်းလာနေတာနဲ့ အညီ လုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်ဖို့ ဘယ်သူတွေ ရှိဖို့ လိုအပ်တယ် ဆိုတာကို သိထားပြီး ဖြစ်ကြောင်းနဲ့ တခြား ကုလသမဂ္ဂရဲ့ လုပ်ငန်း ဆောင်တာတွေ ကိုလည်း နောက်ထပ် သတင်းထုတ်ပြန်မှု မလုပ်မချင်း ရပ်ဆိုင်း ထားမယ့် အကြောင်း တွေကို ပြောကြား သွားခဲ့ပါတယ်။

အဲဒီမှာ ရှိနေတဲ့ ကုလသမဂ္ဂ ဝန်ထမ်း ၁၀၀ လောက်ထဲက ၂၅ ဦးလောက်ဟာ ဒီသတင်းပတ် အတွင်းမှာ ထွက်ခွာ သွားကြတော့မှာ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂ ကလည်း ဒမတ်စကပ်စ် မြို့တွင်းက သူတို့ရဲ့ လုပ်ငန်း တွေအကုန်လုံးကို အနည်းဆုံးထိ လျှော့ချထားမယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ လ ၂၀ လောက်က ဆီးရီးယား မှာ တိုက်ပွဲတွေ စခဲ့စဉ် က စလို့ ကုလသမဂ္ဂနဲ့ တခြား ပြည်ပက ကူညီကယ်ဆယ်ရေး အေဂျင်စီ တွေက ဆီးရီးယား ပြည်သူ ထောင်ပေါင်း များစွာကို လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးနေခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ကာလအတွင်းမှာ ကုလသမဂ္ဂ က သူတို့ရဲ့ ဝန်ထမ်း ၈ ဦးတို့လည်း အသက်ဆုံးရှုံး ခဲ့ရတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။