BBC navigation

ဖိလစ်ပိုင်ကို မုန်တိုင်း ဝင်ရောက်

နောက်ဆုံး ရေးသားချိန် 4 ဒီဇင်ဘာလ 2012 - 15:40 GMT

အိမ်အမိုးတွေလည်း လန်ထွက် ကုန်ကာ၊ ရုတ်တရက် ရေတက် လာပြီး မြေပြိုမှုတွေ လည်း အကြီး အကျယ် ဖြစ်ပွားခဲ့

ဖိလစ်ပိုင်နိုင်ငံကို အင်အားပြင်း တိုင်ဖုန်း မုန်တိုင်း တခု ဝင်ရောက် တိုက်ခတ် နေရာ လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးပြီး၊ လူ ၅ သောင်း ကျော်ဟာ သူတို့ရဲ့ အိမ်ယာတွေကို စွန့်ခွာ ထွက်သွား နေရတယ် ဆိုတဲ့ သတင်းတွေ ရရှိ ပါတယ်။

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း မန်ဒါနအို ကျွန်းကို ဝင်ရောက် ခဲ့တဲ့ ဒီတိုင်ဖုန်းဟာ အခုတော့ နိုင်ငံ အလယ်ပိုင်းကို ဦးတည် ဝင်ရောက် နေပါတယ်။

မြို့တော် မနီလာမှာ ရှိတဲ့ ကြက်ခြေနီ အဖွဲ့ ဥက္ကဌ က ဘီဘီစီကို ပြောရာ မှာတော့ အစားအစာ၊ ရေနဲ့ လျှပ်စစ် မီးတွေ ပြတ်လပ် နေပြီး၊ နောက်ထပ် ထောင်နဲ့ ချီတဲ့ လူတွေဟာ ကူညီ ကယ်ဆယ်ရေး စခန်းတွေမှာ လာရောက် ခိုလှုံဖို့ ရှိနေ တယ်လို့ ဆိုပါတယ်။

မုန်တိုင်းကြောင့် မိုးကြီးတွေ ရွာသွန်း သလို၊ အိမ်အမိုးတွေလည်း လန်ထွက် ကုန်ကာ၊ ရုတ်တရက် ရေတက်လာပြီး မြေပြိုမှုတွေလည်း အကြီး အကျယ် ဖြစ်ပွားခဲ့ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။