BBC navigation

အီဂျစ်စစ်တပ်က ဆန္ဒပြသူတွေကို ရှင်းပြီ

နောက်ဆုံး ရေးသားချိန် 6 ဒီဇင်ဘာလ 2012 - 16:06 GMT

အကြမ်းဖက် မှုတွေ ဖြစ်ပွား ခဲ့တဲ့ နေရာတွေ ကို စစ်သားတွေ စတင် ရှင်းလင်း နေပြီ

အီဂျစ် သမ္မတ နန်းတော် အပြင်ဘက်မှာ ဆန္ဒပြ နေကြသူတွေ အနေနဲ့ အဲဒီ ကနေ ထွက်ခွာ သွားဖို့ အီဂျစ် ရီပတ်ဘလစ်ကန် တပ်က အမိန့် ထုတ်ပြန် လိုက်ပြီ ဖြစ်ပါတယ်။

သမ္မတ မော်ဆီနဲ့ စစ်ဘက် ဆိုင်ရာ တပ်မှူးတွေ တွေ့ဆုံ ဆွေးနွေး ပြီးနောက် ဆန္ဒပြမှုတွေ အာလုံးကို တားမြစ် ထားတဲ့ စစ်တပ်ရဲ့ ရာဇသံ ထွက်လာတာပါ။

သမ္မတ မော်ဆီကို ထောက်ခံသူတွေနဲ့ ဆန့်ကျင် သူတွေ အကြား အကြမ်းဖက် တိုက်ခိုက် မှုတွေ ဖြစ်ပွား ခဲ့တဲ့ နေရာတွေ ကိုတော့ စစ်သား တွေဟာ စတင် ရှင်းလင်း နေပြီ ဖြစ်ပါ တယ်။

ဆန္ဒပြသူတွေ ထွက်ခွာ သွားနေကြပြီ ဖြစ်တယ်လို့ မျက်မြင် တွေ့ရှိသူတွေက ပြောပါတယ်။

ဆန္ဒပြသူတွေ တဘက်နဲ့ တဘက် ခဲတွေနဲ့ ပစ်ပေါက် ပြီး အကြမ်းဖက် တိုက်ခိုက် ခဲ့မှုတွေကြောင့် လူ ၅ ဦး သေဆုံးသွားပြီး တခြား ၆ ဦးထက်မနည်း ဒဏ်ရာ ရရှိသွားခဲ့ကြ ပါတယ်။

သမ္မတ မော်ဆီဟာ အီဂျစ် ပြည်သူတွေကို မိန့်ခွန်း ပြောကြားဖို့ ရှိနေပါတယ်။

အီဂျစ် နိုင်ငံရဲ့ အမြင့်ဆုံး အစ္စလာမ် အာပိုင် အဖွဲ့ ကတော့ မစ္စတာ မော်ဆီ အနေနဲ့ အာဏာ အားလုံး နီးပါး ချုပ်ကိုင် ထားတာကို ပြန်ရုပ် သိမ်းပေးဖို့ တောင်းဆိုလိုက် ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။