BBC navigation

မွတ်ဆလင် ညီနောင်များ ရုံးတွေ မီးရှို့ခံရ

နောက်ဆုံး ရေးသားချိန် 6 ဒီဇင်ဘာလ 2012 - 23:33 GMT

ဆန္ဒပြ သမားတွေကို ဖြိုခွင်း ခဲ့တာ မှန်ကန် ကြောင်း အစိုးရ ရုပ်သံ ကနေ ပြောကြား ခဲ့ပြီးနောက် မီးရှို့ ခံရတာ ဖြစ်

အီဂျစ် ဆန္ဒပြ သမား တွေက မွတ်ဆလင် ညီနောင်များ အဖွဲ့ ရုံး ၂ ရုံးကို မီးတင်ရှို့ ခဲ့ကြ ပြီး ကိုင်ရို မြို့တော်က ဌာနချုပ် မီးရှို့ ခံခဲ့ရ ပါတယ်။

အီဂျစ် သမ္မတ မိုဟာမက် မော်ဆီက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ သမား တွေကို အင်အားသုံး ဖြိုခွင်းခဲ့ မှုကို မှန်ကန်ကြောင်း အစိုးရ ရုပ်သံ ကနေ ထုချေ ပြောကြား ခဲ့ပြီးနောက် ဒီလို မီးရှို့ ခံရတာ ဖြစ် ပါတယ်။

မစ္စတာ မော်ဆီကလူတိုင်းမှာ ငြိမ်းချမ်းစွာ ဖော်ထုတ်ခွင့် ရှိတာကို လေးစားပေမယ့် အပြစ် မရှိသူတွေကို သတ်ဖြတ် ခြောက်ခြားအောင် လုပ်တာ ကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

နောက်ပြီး ပြည်သူပိုင် ပစ္စည်းကို ဖျက်ဆီးတာ၊ အီဂျစ် ပြည်သူ အများစုက ဆုံးဖြတ် ရမယ့် အာဏာ ပိုင်ဆိုင်မှု ကို ခြိမ်းခြောက် စွက်ဖက်ဖို့ လှုံ့ဆော် တာတွေကိုလည်း လက်ခံမှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

တဘက်မှာလဲ အမိန့် ထုတ်ပြန်ပြီး အာဏာ တိုးချဲ့ ယူခဲ့တဲ့ မစ္စတာ မော်စီကို ပြင်းပြင်း ထန်ထန် ဝေဖန် နေကြပြီး ပြဿနာ အကျပ် အတည်း ကို ကျော်လွှား နိုင်ဖို့ တွေ့ဆုံ ဆွေးနွေးရေး လိုအပ်ကြောင်း ပြောကြား နေကြ ပါတယ်။

ဘယ်လို ရှေ့ဆက် သွားကြမလဲ ညှိနှိုင်းရေး အတွက် နိုင်ငံရေး ပါတီ အားလုံး စနေနေ့ အစည်းအဝေး တက်ကြဖို့ သမ္မတ မော်ဆီက ဖိတ်ခေါ် ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။