BBC navigation

သမ္မတ ထောက်ခံသူနဲ့ ကန့်ကွက်သူ ရုန်းရင်းဆန်ခတ်ဖြစ်

နောက်ဆုံး ရေးသားချိန် 6 ဒီဇင်ဘာလ 2012 - 01:09 GMT

မော်စီ ထောက်ခံသူနဲ့ ကန့်ကွက်သူတွေကြား အဓိကရုဏ်း ဖြစ်ပွား

အီဂျစ် နိုင်ငံ ကိုင်ရိုမြို့မှာ သမ္မတ မော်စီကို ထောက်ခံသူနဲ့ ကန့်ကွက်သူတွေကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ၂ဝဝကျော် ဒဏ်ရာ ရသွားပါတယ်။

အတည်ပြုလို့ မရတဲ့ သတင်းတွေ အရ လူနှစ်ယောက် သေတယ်လို့ သိရပါတယ်။

သမ္မတ နန်းတော် အပြင်ဖက်မှာ ဆန့်ကျင် ဆန္ဒပြနေတာကို မစ္စတာ မော်စီ ထောက်ခံသူတွေက ထိုးဖောက် ၀င်ရောက်ဖို့ ကြိုးစားခဲ့ ပြီးတဲ့နောက် တဖက်နဲ့ တဖက် ခဲတွေ လက်လုပ်ဗုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက် ခဲ့ကြပါတယ်။

အတိုက်အခံ ခေါင်းဆောင်တွေကတော့ မွတ်ဆလင် ညီနောင်များ အဖွဲ့က အကြမ်းဖက်မှုတွေ ဖြစ်အောင် ဖန်တီး နေတယ်လို့ စွပ်စွဲ ပြောကြားခဲ့ပြီး ဒီရုန်းရင်း ဆန်ခတ် ဖြစ်မှုတွေက အီဂျစ် နိုင်ငံ တခြား အရပ်ဒေသတွေ ဖြစ်တဲ့ အစ်မေးလီးယားနဲ့ ဆူးအက်စ် အရပ်က မြို့တွေ အထိ ပြန့်နှံ့ သွားခဲ့ပါတယ်။

မစ္စတာ မော်စီရဲ့ အကြံပေး အရာရှိ လေးယောက်လည်း ရာထူးက နှုတ်ထွက်သွားတယ်လို့ သိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။