BBC navigation

ရုရှ လူ့အခွင့်အရေး ကန်ဒဏ်ခတ်

နောက်ဆုံး ရေးသားချိန် 7 ဒီဇင်ဘာလ 2012 - 00:51 GMT
kremlin

သမ္မတနဲ့ ရုရှ လူ့အခွင့်အရေး အကြီးအကဲဆွေးနွေး

လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ စွပ်စွဲခံရတဲ့ ရုရှ အစိုးရ အရာရှိ တွေကို အမေရိကန် အစိုးရက ဥပဒေသစ် ထုတ်ပြီး ကန့်သတ် ပိတ်ပင်ခဲ့မှုကို ရုရှဘက်က လက်တုံ့ပြန် သွားမယ်လို့ ပြောကြား လိုက်ပါတယ်။

ယုတ္တိ မတန်တဲ့ လုပ်ရပ် အဖြစ် ရုရှ နိုင်ငံခြားရေး ဌာန ထုတ်ပြန်ချက်က ဝေဖန် လိုက်ပါတယ်။

စစ်အေး ခေတ်က ကန့်သတ် ပိတ်ပင် ထားခဲ့တဲ့ ရုရှနဲ့ ကုန်သွယ်ရေး အပေါ် ရုပ်သိမ်း ပေးတဲ့ ဥပဒေ တစိတ်တပိုင်း အဖြစ် ဒီပိတ်ပင်မှု တွေကို အမေရိကန် ကွန်ဂရက် လွှတ်တော် က အပြီးသတ် အတည်ပြု ပေးခဲ့တာ ဖြစ်ပါတယ်။

ဥပဒေသစ်ကို သမ္မတ အိုဘားမား လက်မှတ် ရေးထိုးပြီးနောက် လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ စွပ်စွဲ ခံရတဲ့ ရုရှ အရာရှိ တွေကို အမေရိကန် ဗီဆာ မပေးတာ၊ အမေရိကန်မှာ ရှိတဲ့ သူတို့ ပိုင်ဆိုင်မှု တွေကို ထိန်းချုပ်တာ စတဲ့ အရေးယူမှုတွေ ကျင့်သုံးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။