BBC navigation

အီဂျစ် ဆန္ဒ ခံယူပွဲ ကန့်ကွက်ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 8 ဒီဇင်ဘာလ 2012 - 01:45 GMT
egypt

သံဆူးကြိုး ကို ဆန္ဒပြ သူတွေ ချိုးဖောက်

အဝေးရောက် အီဂျစ် နိုင်ငံသား တွေ ရေးဆွဲတဲ့ အငြင်းပွားစရာ အခြေခံ ဥပဒေ မူကြမ်း အတည်ပြု ရေး အတွက် ဆန္ဒ ခံယူပွဲ လုပ်ဖို့ နှောင့်နှေး နေပြီလို့ အီဂျစ် ရွေးကောက်ပွဲ ကော်မတီ အကြီးအကဲက ပြောကြား လိုက်ပါတယ်။

ဒီဇင်ဘာ လ ၁၅ ရက်နေ့ လုပ်ဖို့ စီစဉ် ထားတဲ့ ဆန္ဒ ခံယူပွဲ ကို ရွှေ့ဆိုင်းဖို့ ထောင် သောင်းချီတဲ့ အီဂျစ် ပြည်သူတွေ ကိုင်ရိုက သမ္မတ အိမ်တော် နားမှာ ထပ်မံ စုဝေး ဆန္ဒပြ ခဲ့ကြပြီးနောက် ဒီလို ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒပြ သူတွေက အခြေခံ ဥပဒေ ပြန်လည် ရုပ်သိမ်းဖို့ သမ္မတကို တောင်းဆို နေကြပါတယ်။ အီဂျစ်နိုင်ငံမှာ အာဏာရှင် စနစ် ခေါင်းထောင် လာမှာ မလိုလားဘူးလို့လဲ ကြွေးကြော် ခဲ့ကြပါတယ်။

စစ်တပ်က ချထားတဲ့ သံဆူးကြိုး အရံ အတား တခုကို ဆန္ဒပြ သူတွေက ချိုးဖောက် ဝင်လာခဲ့ကြပါတယ်။

ဥပဒေ ကြောင်းအရ နည်းလမ်းတကျ တင်ပြခဲ့ရင် သမ္မတ မော်ဆီ အနေနဲ့ ဆန္ဒ ခံယူပွဲကို ရွှေ့ဆိုင်း ပေးနိုင်လိမ့်မယ်လို့ အီဂျစ် ဒုသမ္မတ မာမွတ် မက်ကီ က အဆိုပြု ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။