BBC navigation

ဂျပန် အရှေ့မြောက်ဘက် ကမ်းလွန်မှာ ငလျင်လှုပ်

နောက်ဆုံး ရေးသားချိန် 7 ဒီဇင်ဘာလ 2012 - 11:32 GMT

ဂျပန် နိုင်ငံ အရှေ့မြောက်ဘက် ကမ်းလွန်နေရာ တခုမှာ ပြင်းအား ၇.၃ ရှိတဲ့ မြေငလျင် တခု လှုပ်ခါသွားခဲ့ရာ ကမ်းခြေ နေရာတချို့ကို ၁ မီတာလောက် အမြင့်ရှိတဲ့ ဆူနာမီ ရေလှိုင်းတွေ ရိုက်ခတ်ခဲ့ ပါတယ်။

ဒီအတွက် အကြီး အကျယ် ထိခိုက်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ သတင်း ထွက်လာတာတော့ မရှိသေးပါ။

ပြီးခဲတဲ့နှစ်ကတော့ အဲဒီဒေသမှာ အခုထက် ပိုမို အင်အားပြင် တဲ့ မြေငလျင်နဲ့ ဆူနာမီလှိုင်းတွေ ကြောင့် အကြီးအကျယ် ထိခိုက်ပျက်ဆီးမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

တချို့ မြေနိမ့်ပိုင်း ရပ်ကွက်တွေက လူတွေကိုတော့ ကုန်းမြင့်ရာကို သွားနေကြဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

နောက်ဆက်တွဲ မြေငလျင်တွေ လှုပ်တဲ့ အခါမှာတော့ တိုကျိုမြို့က အဆောက် အဦးတွေပါ ခတ်ကြမ်းကြမ်း တုန်ခါသွားတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။