BBC navigation

ဒမတ်စကပ်မှာ အစိုးရ အင်အားဖြည့်

နောက်ဆုံး ရေးသားချိန် 8 ဒီဇင်ဘာလ 2012 - 02:01 GMT
damascus

ဆီးရီးယား စစ်မီး ပိုပြင်းထန်လာ

ဒမတ်စကပ် မြို့တော် ဆင်ခြေဖုံး မှာ ဆီးရီးယား အစိုးရ တပ်တွေ အားဖြည့် တပ်စွဲ ထားလိုက်ပြီ လို့ ဆီးရီးယား အတိုက်အခံ တွေက ပြောကြား ပါတယ်။

ဒမတ်စကပ်က သူပုန် တပ်စွဲ ထားတဲ့ နေရာ တွေကို မြေပြင်က တိုက်ခိုက်မှု တွေ ရှိလာမှာလဲ စိုးရိမ် နေကြတာပါ။

သူပုန် စခန်းတွေကို ဆက်လက် ပစ်ခတ် နေချိန်မှာ ပဲ ဘီဘီစီ အရှေ့ အလယ်ပိုင်း သတင်းထောက် ကို ဆီးရီးယား အစိုးရ အရာရှိ တွေက ထောင်သားတွေနဲ့ တွေ့ဆုံ မေးမြန်းခန်း လုပ်ဖို့ ခေါ်သွားပါတယ်။

ဒီထောင်က နာမည်ဆိုးနဲ့ ကျော်စောတဲ့ စစ်ထောင်ကြီး ဖြစ်ပါတယ်။

အကျဉ်းသား ၂ ယောက်က အယ်လ်ကေဒါ အုပ်စု တစုက အဖွဲ့ဝင် တွေလို့ ဝန်ခံထားပြီး တယောက်က ပြင်သစ် နိုင်ငံသားလို့ သူ့ကို ပြောပါတယ်။

ဒီအချိန်မှာပဲ ဆီးရီးယား ပဋိပက္ခ ဖြေရှင်းရာမှာ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံတွေ ညီညွတ်ကြဖို့ ကုလ သမဂ္ဂ အတွင်းဝန်ချုပ် ဘန်ကီမွန် က ထပ်မံ တောင်းဆို လိုက်ပြန် ပါတယ်။

ဆီးရီးယား ပဋိပက္ခဂယက် ရိုက်ခံရတဲ့ နိုင်ငံ တွေကို မစ္စတာ ဘန် လှည့်လည် နေတုန်း တူရကီ နယ်စပ် Islahiye မြို့က ဆီးရီးယား ဒုက္ခသည်စခန်း မှာ ဒီလို တောင်းဆို လိုက်တာ ဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ သူကြားခဲ့ရတဲ့ အဖြစ်အပျက် တွေကြောင့် များစွာ စိတ်ထိခိုက် တုန်လှုပ်ရတယ်လို့ မစ္စတာ ဘန်က ပြောဆိုပါတယ်။

ဘန်ကီမွန် ခရီးစဉ် အတွင်း နယ်သာလန် အစိုးရကလဲ ဆီးရီးယား- တူရကီ နယ်စပ်မှာ ပက်ထရီယော့ ဒုံးခွင်းဒုံး တွေ ချထားဖို့ နေတိုး ရဲ့ တောင်းဆိုချက်ကို သဘောတူ လိုက်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။