BBC navigation

နိုင်ငံရေး ဆွေးနွေးအဖြေရှာဖို့ အီဂျစ်စစ်တပ် သတိပေး

နောက်ဆုံး ရေးသားချိန် 8 ဒီဇင်ဘာလ 2012 - 17:14 GMT

ကိုင်ရိုမြို့ သမ္မတ နန်းတော် အပြင်မှာ တော့ အတိုက်အခံ တွေ ဆက် ဆန္ဒပြ နေကြပါတယ်

အီဂျစ် နိုင်ငံမှာ ရှိတဲ့ ပြိုင်ဖက် နိုင်ငံရေး အင်အားစုတွေ အကြား ကွဲလွဲချက် တွေကို တွေဆုံ ဆွေးနွေးတဲ့ နည်းနဲ့ အဖြေရှာ မရဘူး ဆိုရင် ဆိုးဝါးတဲ့ အကျိုးဆက်တွေ ဖြစ်လာ လိမ့်မယ်လို့ အီဂျစ် စစ်တပ် ကနေ သတိပေး ပြောကြား လိုက်ပါတယ်။

စစ်တပ် ကနေ အာဏာသိမ်းမှာ မဟုတ်ဘူး ဆိုပြီး နောက်ပိုင်းမှာ အလေး အနက် ပြောကြားခဲ့ ပေမယ့်လည်း၊ နိုင်ငံပိုင် ရုပ်မြင် သံကြား ကနေ ထုတ်ပြန်တဲ့ ကြေညာ ချက် ထဲမှာ တော့ စစ်တပ် အနေနဲ့ ဘယ်လို အကြမ်းဖက် မှုမျိုးကိုမှ သည်းခံမှာ မဟုတ်ဘူး ဆိုပြီး စစ်တပ် ပြောခွင့်ရသူက ကြေညာ သွားပါတယ်။

သမ္မတ မော်ဆီ ကဟာ အာဏာ အကုန်နီးပါး ချုပ်ကိုင် လိုက်တယ်လို့ ပြောပြီး၊ ကိုင်ရိုမြို့ သမ္မတ နန်းတော် အပြင်မှာ အတိုက်အခံ တွေက အခြေခံ ဥပဒေ မူကြမ်း အတွက် ဆန္ဒခံယူပွဲ လုပ်နေတာ တွေကို ပြန်ရုပ်သိမ်းဖို့ ဆက်လက် ဆန္ဒပြ တောင်းဆို နေကြ ပါတယ်။

သမ္မတ အခု လုပ်နေတဲ့ လုပ်ငန်းစဉ် တခုလုံးကို မရပ်ဆိုင်းဘူး ဆိုရင် ဘယ်လို ဆွေးနွေးမှု မျိုးကိုမှ လက်ခံမှာ မဟုတ်ဘူးလို့ အတိုက်အခံ တွေက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။