BBC navigation

အီဂျစ် ဆန္ဒခံယူပွဲ အတိုက်အခံ ဆက်ကန့်ကွက်

နောက်ဆုံး ရေးသားချိန် 9 ဒီဇင်ဘာလ 2012 - 16:29 GMT
egypt

အခြေခံ ဥပဒေ ဆန္ဒ ခံပွဲ နောက်ဆုတ်ဖို့ အရေးဆို

အီဂျစ် အခြေခံ ဥပဒေသစ် ပြဋ္ဌာန်းရေး ဆန္ဒ ခံယူပွဲ လုပ်ဖို့ သမ္မတ မိုဟာမက် မော်ဆီ စီစဉ်မှုကို မကျေနပ်တဲ့ အတိုက်အခံ တွေက ဆက်လက် ကန့်ကွက် ဆန္ဒပြ သွားမယ်လို့ ပြောကြား လိုက်ပါတယ်။

စေ့စပ် လိုက်လျောတဲ့ အနေနဲ့ မစ္စတာ မော်ဆီက သူ့ကိုယ်သူ အာဏာတွေ တိုးပေးထားတဲ့ အမိန့်ကို ပယ်ဖျက် ပေးခဲ့ပေမယ့် အတိုက်အခံ တွေဘက်က ဒီလောက်နဲ့ မလုံလောက်ဘူးလို့ တောင်းဆို နေကြတာ ဖြစ်ပါတယ်။

တပတ် အတွင်း ကျင်းပဖို့ ရှိတဲ့ အခြေခံ ဥပဒေ ဆန္ဒ ခံယူပွဲ နောက်ဆုတ်ဖို့ သူတို့က အရေးဆို နေကြပါတယ်။

သမ္မတ နန်းတော်ကို ကာကွယ်ဖို့ စစ်တပ်က ပတ်ပတ်လည်မှာ ကွန်ကရစ် တုံးတွေ ချခဲ့ပေမယ့် ဆက်ပြီး ဆန္ဒပြ ခံနေရအုံးမယ်လို့ ကိုင်ရို မြို့တော်က ဘီဘီစီ သတင်းထောက်က ပြောကြား ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။