BBC navigation

သမ္မတ မော်ဆီ စစ်တပ်ကို ဖမ်းမိန့် ပေး

နောက်ဆုံး ရေးသားချိန် 10 ဒီဇင်ဘာလ 2012 - 17:23 GMT
cairo

အကြီးအကျယ် ဆန္ဒပြဖို့ စီစဉ် ထားခဲ့

ကန့်ကွက် ဆန္ဒပြ ခံနေရတဲ့ အီဂျစ် အခြေခံ ဥပဒေသစ် မူကြမ်း အတွက် စနေနေ့ လူထု ဆန္ဒ ခံယူပွဲ မကျင်းပခင်မှာပဲ သမ္မတ မိုဟာမက် မော်ဆီ က စစ်တပ်ကို ဖမ်းမိန့် ပေးလိုက်ပြီ ဖြစ်ပါတယ်။

အတိုက်အခံ တွေရော သမ္မတ ထောက်ခံသူ တွေပါ အကြီးအကျယ် ဆန္ဒပြဖို့ စီစဉ် ထားတဲ့ရက်ထက် တရက် စောပြီး အမိန့် ကြေညာချက် အသစ် ထုတ်ပြန် လိုက်တာ ဖြစ်ပါတယ်။

စနေနေ့ ဆန္ဒ ခံယူပွဲ မတိုင်ခင်မှာပဲ လုံခြုံရေးနဲ့ နိုင်ငံတော် အာဏာပိုင် အဖွဲ့အစည်း တွေကို ကာကွယ်ရေး အတွက် စစ်တပ်ကို မစ္စတာ မော်ဆီ အမိန့်ပေးလိုက်ပြီ ဖြစ်ပါတယ်။

အီဂျစ် မှာ စစ်အုပ်ချုပ်ရေး ပြန်ပေါ်လာမှာကို စိုးရိမ် နေကြတယ်လို့ ကိုင်ရိုက ဘီဘီစီ သတင်းထောက်က ပြောကြား ပါတယ်။

သမ္မတ အိမ်တော် ဂိတ်ဝ မှာလဲ ကွန်ကရစ်တုံးတွေ၊ သံဆူးကြိုး အရံအတားတွေ ချထားပြီး သံချပ်ကား တွေနဲ့ စစ်သား တွေလဲ စောင့်နေကြပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။