BBC navigation

ဗြိတိန် အခြေစိုက်ဘဏ်တွေ အမေရိကန် ဒဏ်တပ်

နောက်ဆုံး ရေးသားချိန် 11 ဒီဇင်ဘာလ 2012 - 01:05 GMT

HSBC ဒေါ်လာသန်း တထောင်ကျော် ဒဏ်တပ် ခံရပြီ

ဗြိတိန် အခြေစိုက် HSBC ဘဏ်ကြီးဟာ ငွေကြေး ခဝါချမှုတွေကို အကူအညီပေးခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေကို ဖြေရှင်းဖို့ အမေရိကန် အာဏာပိုင်တွေကို ဒေါ်လာ တစ် ဒသမကိုး ဘီလီယံ စံချိန်သစ်တင် ပေးဆောင်ရမယ်လို့ အမေရိကန်က လာတဲ့ သတင်းတွေ အရသိရပါတယ်။

HSBC ဘဏ်ဟာ အီရန်နဲ့ မက္ကဆီကိုက မူးယစ်ရာဇာတွေရဲ့ ငွေကြေး ခဝါချမှုတွေကို အမေရိကန် ဘဏ္ဍာရေး စနစ်ကတဆင့် အကူအညီ ပေးခဲ့တယ်လို့ အမေရိကန်က တရားလို ရှေ့နေတွေက ပြောပါတယ်။

ဗြိတိန် အခြေစိုက် Standard Chartered ဘဏ်ကြီးဟာလည်း အီရန် ၊ မြန်မာ ၊ လစ်ဗျားနဲ့ ဆူဒန် နိုင်ငံတွေကို အမေရိကန်က ပိတ်ဆို့ အရေးယူထားခဲ့တဲ့ ကြားက ချိုးဖောက်ခဲ့တာကို ဖြေရှင်းဖို့ အတွက် အမေရိကန် ဗဟိုဘဏ်ကို ဒေါ်လာ ၃၂ရသန်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။

Standard Chartered ဘဏ်ဟာ မပြည့်စုံ မလုံလောက်တဲ့ သတင်းအချက်လက်တွေ ပေးခဲ့တယ်လို့ အမေရိကန် ဗဟိုဘဏ်က စွပ်စွဲခဲ့ပြီး ဒဏ်တပ်တဲ့ အတွက် ဘဏ်ရဲ့ ပိုင်ဆိုင်မှု တချို့ကို စွန့်လွှတ်ဖို့ သဘောတူခဲ့ပါတယ်။

Standard Chartered ဘဏ်က အီရန်ကို ဒေါ်လာသန်း ထောင်နဲ့ချီပြီး တရားမ၀င် ငွေပြောင်းငွေလွှဲ လုပ်ပေးခဲ့မှုကို ထိန်ချန်ထားတဲ့ အတွက် ပြီးခဲ့တဲ့ သြဂတ်စ် လတုန်းကလည်း နယူးယောက်က ငွေကြေးစစ်ဆေးတဲ့ အဖွဲ့တွေကို ဒဏ်ကြေး သန်း ၃၄ဝ ပေးဆောင်ခဲ့ ရပါသေးတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။