BBC navigation

မာလီဝန်ကြီးချုပ် ရာထူးကနှုတ်ထွက်

နောက်ဆုံး ရေးသားချိန် 11 ဒီဇင်ဘာလ 2012 - 15:24 GMT

ဘာကြောင့် ရာထူးက နှုတ်ထွက် ရတယ် ဆိုတာ၊ မစ္စတာ ဂျာရားက ထုတ်ဖေါ် ပြောဆို ခြင်း မရှိပါ

မာလီနိုင်ငံ ဝန်ကြီးချုပ် ရှိတ် မိုဒီဘို ဂျာရားကို စစ်တပ် ကနေ ဖမ်းဆီး လိုက်ပြီး နာရီပိုင်း မှာပဲ မစ္စတာ ဂျာရားက ရာထူး ကနေ နှုတ်ထွက် ကြောင်း ရုပ်သံ ကနေ ကြေညာ သွားခဲ့တဲ့ အပေါ် ဒါဟာ အတင်း အကျပ် ဖိအားပေး နှုတ်ထွက်ခိုင်းတာ ဆိုပြီး ပြင်သစ် နိုင်ငံက ရှုတ်ချ ပြောဆို လိုက်ပါတယ်။

ဘာကြောင့်အ ခုလို နှုတ်ထွက် ရတယ် ဆိုတာ ကိုတော့ မစ္စတာ ဂျာရားက ထုတ်ဖေါ် ပြောဆိုခြင်း မရှိခဲ့ပါ။

မစ္စတာ ဂျာရားကို ကို ဖမ်းဆီး လိုက်တဲ့ တပ်ဖွဲ့ တွေဟာ အခုနှစ် အစောပိုင်း အာဏာသိမ်း ခဲ့တဲ့ တပ်ဖွဲ့တွေ ဖြစ်ကြ ပါတယ်။

အဲဒီ အာဏာသိမ်း တပ်ဖွဲ့ ပြောခွင့်ရသူ ဘာကရီ မာရီကို က ဝန်ကြီးချုပ် ဟာ အဓိက တာဝန် တခု ဖြစ်တဲ့ မြောက်ပိုင်း မာလီ လွတ်လပ်ရေးနဲ့ တရား မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ကို မဆောင်ရွက် နိုင်ခဲ့ တာကြောင့် တာဝန်တွေ လစ်ဟင်း ခဲ့တယ်လို့ ပြောပါတယ်။

ဒီမိုကရေစီ လမ်းကြောင်း ပေါ်မှာ တည်တည် ငြိမ်ငြိမ် ရှိခဲ့ဖူးတဲ့ မာလီ နိုင်ငံဟာ မတ်လက စစ်တပ် အာဏာ သိမ်းပြီး နောက်ပိုင်း တိုင်းပြည်ဟာ မတည် မငြိမ် ဖြစ်လာခဲ့ တာပါ။

အဲလ်ခိုင်းဒါး အဖွဲ့နဲ့ ဆက်စပ် မှုတွေ ရှိနေတဲ့ သဘောထား တင်းမာသူ အစ္စလာမ်မစ်တွေ ဟာ နိုင်ငံ မြောက်ပိုင်း နေရာ အများစုကို အခု ထိန်းချုပ် ထားပြီ ဖြစ်ပါ တယ်။

မစ္စတာ ဂျာရားဟာ အရပ်သား ကြားဖြတ် အစိုးရ အဖွဲ့ကို ဦးဆောင် ခဲ့သူ ဖြစ်ပြီး၊ အစ္စလာမ်မစ် တွေကို နိုင်ငံ ကနေ မောင်းထုတ်ဖို့ အတွက် အနောက် အာဖရိက တပ်ဖွဲ့ တွေ ကြားဝင် ဆောင်ရွက်ဖို့ ကိုလည်း ထောက်ခံခဲ့သူ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ကတော့ မာလီ နိုင်ငံဟာ ကမ္ဘာ ပေါ်မှာ အုံကြွ ပေါက်ကွဲ မှုတွေ ဖြစ်နိုင်ချေ ရှိတဲ့ နိုင်ငံ တခု အဖြစ် တနင်္လာနေ့က ကြေညာ ပြောဆို လိုက်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။