BBC navigation

ဆီးရီးယား သူပုန် အမေရိကန် အသိအမှတ်ပြု

နောက်ဆုံး ရေးသားချိန် 12 ဒီဇင်ဘာလ 2012 - 02:00 GMT
syria

သူပုန် ထိန်းချုပ် နိုင်တဲ့ နယ်မြေတွေ တိုးလာ

ဆီးရီးယား သူပုန် ကို ဆီးရီးယား ပြည်သူ တွေကို တရားဝင် ကိုယ်စား ပြု နိုင်သူ အဖြစ် အမေရိကန် အစိုးရက အသိအမှတ်ပြု လိုက်ပြီ ဖြစ်ပါတယ်။

ဆီးရီးယား အတိုက်အခံ ညွန့်ပေါင်းမှာ အဖွဲ့ အားလုံး ပါဝင် ကိုယ်စားပြု နေပြီလို့ ရုပ်သံ မေးမြန်းခန်း မှာ သမ္မတ အိုဘားမားက ပြောကြား သွားပါတယ်။

သူပုန် တွေကို အမေရိကန်က အရင်လိုပဲ လက်နက် မထောက်ပံ့ဘဲ နေမယ်လို့ သိရပါတယ်။

သမ္မတ ဘရှား အာဆတ်ကို ဖယ်ရှားဖို့ အရင်လကမှ ဆီးရီးယား အတိုက်အခံ အဖွဲ့တွေ စုစည်း မိခဲ့ကြတာ ဖြစ်ပါတယ်။

ဥရောပ သမဂ္ဂ၊ ဗြိတိန်၊ ပြင်သစ်၊ တူရကီနဲ့ အမေရိကန်ရဲ့ အာရပ် မဟာမိတ် နိုင်ငံ တွေက သူပုန် ညွန့်ပေါင်းကို အသိအမှတ် ပြုထားပြီး ဖြစ်ပါတယ်။

ဒီအချိန် မှာပဲ ဆီးရီးယား မြောက်ပိုင်းက အရေးပါတဲ့ စစ်စခန်း တခုကို လုံးဝ ထိန်းချုပ် လိုက်ပြီလို့ သူပုန် တွေက ကြေညာ ပါတယ်။

ဒီ စစ်စခန်းကြီးကို အမေရိကန်က အကြမ်းဖက် အဖွဲ့အစည်း အဖြစ် ကြေညာ ထားတဲ့ အယ်လ် နုစရာ တပ်ဦး အပါအဝင် သူပုန် အုပ်စု တွေက သိမ်းပိုက် ခဲ့တာ ဖြစ်ပါတယ်။

ဒမတ်စကပ် မြိုတော် အပါအဝင် ဆီးရီးယား မြို့ကြီး မြို့ငယ် တွေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွား ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။