BBC navigation

အင်တာနက် ထိန်းချုပ်ရေး အငြင်းပွားဆဲ

နောက်ဆုံး ရေးသားချိန် 14 ဒီဇင်ဘာလ 2012 - 01:21 GMT
internet dubai

အစိုးရ တွေက အင်တာနက်ကို ထိန်းချုပ် လာနိုင်

ဒူဘိုင်းမှာ ၁၁ ရက်ကြာအောင် စေ့စပ် ညှိနှိုင်း ခဲ့ပေမယ့်လဲ အင်တာနက် ထိန်းချုပ်မှု ဆိုင်ရာ နိုင်ငံတကာ သဘောတူ စာချုပ် မူကြမ်း ထုတ်ပြန်ဖို့ မရေရာဘဲ အလှမ်းဝေး နေဆဲ ဖြစ်ပါတယ်။

အစိုးရ တွေကို အင်တာနက် ထိန်းချုပ်ခွင့် တွေ ပေးလာနိုင်လို့ ကမ္ဘာ့ နည်းပညာ ဆက်သွယ်ရေး စာချုပ်ကို လက်ရှိ ပုံစံနဲ့ လက်မှတ် မထိုး နိုင်ဘူးလို့ အမေရိကန် ဘက်က ပြောပါတယ်။

ကုလ သမဂ္ဂ ဦးဆောင် ညှိနှိုင်းမှုနဲ့ ကျင်းပတဲ့ ဒူဘိုင်း အစည်းအဝေး မှာ ဗြိတိန်၊ ကနေဒါ နဲ့ တခြား နိုင်ငံ အတော်များများ ကလဲ အလားတူ သဘောထား မျိုး ထုတ်ပြန် ခဲ့ကြ ပါတယ်။

အင်တာနက်ကို ပိုမို ထိန်းချုပ်ဖို့ ထောက်ခံ တဲ့ နိုင်ငံတွေ အုပ်စုကို ရုရှ က ဦးစီး နေတာ ဖြစ်ပါတယ်။

လက်ရှိ အသုံးပြု နေတဲ့ စာချုပ်ကိုတော့ ၁၉၈၈ ခုနှစ် က လက်မှတ် ရေးထိုး ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။