BBC navigation

အမေရိကန် ဘဏ်တိုးနှုန်း ဆက်ချထား

နောက်ဆုံး ရေးသားချိန် 13 ဒီဇင်ဘာလ 2012 - 01:12 GMT

အမေရိကန် အလုပ်အကိုင် ရှာဖွေရေး ဌာန

လက်ရှိ အလုပ်လက်မဲ့နှုန်း ရ.ရ ရာနှုန်းမှာ ရှိနေတဲ့ အမေရိကန် ပြည်ထောင်စုမှာ အလုပ်လက်မဲနှုန်း ၆.၅ ရာနှုန်းကို ကျသွားတဲ့ အထိ ဘဏ်အတိုးနှုန်းကို သုံညနေရာမှာ ဆက်ထားမယ်လို့ ဗဟိုဘဏ်က ကြေညာခဲ့ ပါတယ်။

အစိုးရ ငွေတိုက် စာချုပ်တွေကို တလအတွင်း နောက်ထပ် ၄၅ ဘီလီယံဖိုး ထပ်မြုပ်နှံ ဝယ်ယူမယ့် အစီစဉ်သစ်တွေကိုလည်း တိုးချဲ့ လုပ်ဆောင် သွားမယ်လို့ ဗဟိုဘဏ်က ပြောပါတယ်။

အမေရိကန် စီးပွားရေး တကယ့်ကို ခိုင်မှာ အားကောင်းလာတဲ့ အထိ ငွေချေးငှားမှုတွေက အတိုးနှုန်း သက်သာမယ့် အရပ် လက္ခဏာ သိသိသာသာ ပြနေတာ ဖြစ်တယ်လို့ ဘီဘီစီ စီးပွားရေး ဆိုင်ရာ သတင်းထောက်က ပြောပါတယ်။

အခုလို ထင်မှတ်မထားတဲ့ ကြေညာချက်ကြောင့် အစုရှယ်ယာစျေး တွေဟာ အမေရိကန် စျေးကွက်မှာ အပြုသဘောဆောင် တုန့်ပြန်မှုတွေကို ကနဦး တွေ့ခဲ့ ရပါတယ်။

အမေရိကန်မှာ ၂ဝဝ၈ ခုနှစ် ကတည်းက အတိုးနှုန်းက သုံည ဖြစ်နေပေမယ့် စီးပွားရေး တိုးတက်မှု နှုန်းက စီးပွားပျက်ကပ် မဆိုက်ခင် အခြေအနေကထက် အပြင်းအထန် နိမ့်ကျ နေသေးတာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။