BBC navigation

ဆန္ဒခံယူပွဲ အကြို အီဂျစ် အဓိကရုဏ်း

နောက်ဆုံး ရေးသားချိန် 15 ဒီဇင်ဘာလ 2012 - 00:54 GMT
alexandria

အလက်ဇန္ဒြီးယား မှာ အဓိကရုဏ်း ဖြစ်

အီဂျစ် အခြေခံ ဥပဒေသစ် ဆန္ဒ ခံယူပွဲ ပထမရက် မဲပေးဖို့ ပြင်ဆင် နေချိန်မှာပဲ အလက်ဇန္ဒြီးယား မြို့မှာ သမ္မတ မော်ဆီ ထောက်ခံ သူတွေနဲ့ ဆန့်ကျင်သူ တွေကြား အဓိကရုဏ်း ဖြစ်ပွား ခဲ့ပါတယ်။

အီဂျစ် ဒုတိယ အကြီးဆုံး မြို့တော်မှာ ဆန္ဒပြ သမားတွေ က တင်းပုတ်တွေ ဓားတွေ ကိုင်လာပြီး လမ်းတွေပေါ်က ကားတွေလဲ မီးရှို့ ခံရတယ်လို့ သတင်းတွေက ဆိုပါတယ်။

ကိုင်ရို မြို့တော်မှာလဲ ပြိုင်ဘက် အုပ်စုတွေ စနေနေ့ ဆန္ဒ ခံယူပွဲ မတိုင်ခင် နောက်ဆုံးရက် အဖြစ် ချီတက် လှည့်လည် နေကြပါတယ်။

ကန့်ကွက် ဆန္ဒပြ နေကြတဲ့ အခြေခံ ဥပဒေ မူကြမ်းကို သမ္မတ နဲ့ အစ္စလာမ် ဝါဒီ တွေက ထောက်ခံ ခဲ့ကြတာ ဖြစ်ပါတယ်။

ဘာမှ သေချာ တိုင်ပင် မထားဘဲဥပဒေ အတည်ပြု နိုင်အောင် မစ္စတာ မော်ဆီ တွန်းအား ပေး ခဲ့တယ်လို့ အတိုက်အခံ တွေက ပြောကြား ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။