BBC navigation

ဆီးရီးယားအရေး ရုရှား မူဝါဒ မပြောင်းလဲ

နောက်ဆုံး ရေးသားချိန် 14 ဒီဇင်ဘာလ 2012 - 17:52 GMT

ရုရှားဟာ သူရဲ့ ရပ်တည်ချက်ကို ဘယ်တော့မှ မပြောင်းခဲ့ သလို နောင်လည်း ပြောင်းမှာ မဟုတ်ဘူး လို့ ပြော

ဆီးရီးယားနဲ့ ပတ်သက်တဲ့ ရုရှားရဲ့ သဘောထား ဟာ ပြောင်းလဲမှာ မဟုတ်တဲ့ အကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဌာနက ပြောကြား လိုက်ပါ တယ်။

ကြာသပတေးနေ့ တုန်းကတော့ ဆီးရီးယား သမ္မတ ဘာရှားအဲလ် အာဆတ် ဟာ အရှုံးနဲ့ ရင်ဆိုင် ရဖွယ် ရှိနေတယ်လို့ ရုရှား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက ထုတ်ဖေါ် ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ပြောကြား ခဲ့တဲ့ အတွက် သမ္မတ အာဆတ်ကို အမြဲ ထောက်ခံ ခဲ့တဲ့ ရုရှားရဲ့ သဘောထားများ ပြောင်းလာ ပြီလား ဆိုပြီး နိုင်ငံ တကာ အသိုင်း အဝိုင်းမှာ လှုပ်လှုပ် ရှားရှား ဖြစ်သွား ပါတယ်။

အခုတော့ ရုရှား နိုင်ငံခြားရေး ဌာနရဲ့ ပြောခွင့် ရသူက ရုရှားဟာ သူရဲ့ ရပ်တည်ချက်ကို ဘယ်တော့မှ မပြောင်းခဲ့ သလို နောင်လည်း ပြောင်းမှာ မဟုတ်ဘူးလို့ ပြောပါ တယ်။

ရုရှား အနေနဲ့ ဂျနီဗာရဲ့ မူအတိုင်း နိုင်ငံရေး အရ တွေ့ဆုံ ဖြေရှင်း နိုင်ဖို့ကို ဆက်ပြီး တွန်းအားပေး လုပ်ဆောင် သွားမယ်လို့ ပြောလိုက် ပါတယ်။

ဆီးရီးယား အရေးနဲ့ ပတ်သက် ပြီးတော့ ရုရှားနဲ့ အမေရိကန်တို့ လျှို့ဝှက် ဆွေးနွေး ခဲ့ကြတယ် ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး မဟုတ်မှန်တဲ့ အကြောင်းလည်း ရုရှား နိုင်ငံခြားရေး ဌာန ရဲ့ ပြောခွင့်ရသူက ဆက်ပြီး ငြင်းဆို သွားပါတယ်။

ရုရှားဘက်က သူတို့ သဘောထားတွေ မပြောင်း ပါဘူးလို့ ပြောနေ ပေမယ့် ကြာသပတေးနေ့က လူသိ ရှင်ကြား ထုတ်ဖေါ် ပြောကြား လိုက်တာကို ကြည့်ရင် ဆီးရီးယား အရေးမှာ ရုရှားက အသေ အချာ စဉ်းစား မှုတွေ ရှိနေတဲ့ အကြောင်း တွေ့နိုင်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။