BBC navigation

အီဂျစ် ဆန္ဒခံယူပွဲ ထောက်ခံမဲများ

နောက်ဆုံး ရေးသားချိန် 16 ဒီဇင်ဘာလ 2012 - 16:03 GMT

အတိုက်အခံ တွေက တော့ ရလဒ်ကို ကြိုတင် မေးခွန်း ထုတ်နေ ကြပါပြီ

အီဂျစ် နိုင်ငံရဲ့ အငြင်းပွား ဖွယ်ရာ ဖြစ်တဲ့ အခြေခံ ဥပဒေ အတွက် ဆန္ဒခံ ယူပွဲ ကျင်းပ နေရာမှာ အခု ပထမ အကျော့ မှာတော့ တရားဝင် မဟုတ် သေးတဲ့ ရလာဒ် တွေ အရ ထောက်ခံမဲ ဘက်က နည်းနည်း အသာရပြီး အတည်ပြုဖွယ် ရှိနေပါတယ်။

အတိုက်အခံ တွေက တော့ ရလဒ်ကို ကြိုတင် မေးခွန်း ထုတ်နေကြပါပြီ။

ပထမ အကျော့ ဆန္ ဒခံယူပွဲမှာ လူအများ အပြား ဆန္ဒမဲ လာပေး ကြပြီး အများအားဖြင့် ငြိမ်းငြိမ်း ချမ်းချမ်း မဲပေးခဲ့ ကြတယ် ဆိုပေမယ့် မဲ မသမာမှုတွေ၊ စည်းမျဉ်း ချိုးဖောက် မှုတွေ ရှိတယ်လို့ အတိုက် အခံ ညွန့်ပေါင်း အုပ်စုက ဆိုပါတယ်။

နောက် လာမယ့် စနေနေ့မှာ မူဟောင်း ထိန်းသိမ်း လိုသူတွေ အဓိက နေထိုင် ကြတဲ့ ကျေးလက် ဒေသတွေမှာ ဒုတိယ အကျော့ ဆန္ဒခံယူပွဲ ပြုလုပ်မှာ ဖြစ်ပြီး အဲဒီ ဆန္ဒခံယူပွဲ မပြီးခင်မှာ ရလာဒ်တွေကို တရားဝင် ကြေညာ ဦးမှာ မဟုတ်ပါဘူး။

အခု ဆန္ဒခံယူပွဲကျင်း ပပြုလုပ်နေတဲ့ အခြေခံ ဥပဒေသစ်ကို သမ္မတ မော်စီနဲ့ သူ့ရဲ့ မွတ်ဆလင် ညီနောင်များ ပါတီက ကျောထောက် နောက်ခံ အားပေးထားပါတယ်။

အတိုက် အခံတွေ ကတော့ မွတ်ဆလင် ဘာသာရေး ဘက်ကို တိမ်းစောင်း လွန်းတယ်လို့ ဝေဖန် နေကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။