BBC navigation

ဂျပန် အထွေထွေ ရွေးကောက်ပွဲ စပြီ

နောက်ဆုံး ရေးသားချိန် 16 ဒီဇင်ဘာလ 2012 - 00:57 GMT
_japan_election_

လက်ရှိ ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါနဲ့ ပြိုင်ဘက် ရှင်ဇိုအာဘေး

ဂျပန် နိုင်ငံမှာတော့ အထွေထွေ ရွေးကောက်ပွဲကြီး စတင်နေပြီ ဖြစ်ပါတယ်။

လေ့လာသူ တွေကတော့ ၃ နှစ်ကြာ အတိုက်အခံ ဖြစ်နေခဲ့တဲ့ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ ပြန်လည် အနိုင်ရရှိ လာနိုင်မယ်လို့ ခန့်မှန်း ထားကြ ပါတယ်။

အရင်က ဝန်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင် ခဲ့တဲ့ လစ်ဘရယ် ဒီမိုကရက် ခေါင်းဆောင် ရှင်ဇို အာဘေး ဟာဒီတကြိမ်မှာ ဂျပန်ရဲ့ စီးပွားရေး တောင့်တင်း လာရေးနဲ့ မဲဆွယ်စည်းရုံး နေခဲ့တာ ဖြစ်ပါတယ်။

အရှေ့တရုတ် ပင်လယ်ထဲက ကျွန်းစုတွေ ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ တရုတ်နဲ့တင်းမာ မှုတွေ တိုးလာနေတဲ့ အချိန်မှာပဲ ပိုမို ခိုင်မာ ပြတ်သားတဲ့ နိုင်ငံခြားရေး မူဝါဒတွေကို ချမှတ် ဖော်ဆောင် သွားမယ်လို့ လည်း မစ္စတာ အာဘေးက ကတိ ပေးထားပါတယ်။

အာဏာရ ဒီမိုကရက်တစ် ပါတီ ကတော့ ဖူကူရှီးမား ဓာတ်အားပေး စက်ရုံမှာ နျူကလီယား ဘေးအန္တရာယ်နဲ့ ကြုံခဲ့ရ အပြီးမှာ နျူကလီယား စွမ်းအင် သုံးစွဲမှု လျှော့ချရေး တွေနဲ့ မဲဆွယ် နေခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။