BBC navigation

အမေရိကန် ပစ်ခတ်မှုမှာ ၆ နှစ် ၇ နှစ်ကလေးတွေ သေဆုံးခဲ့ရ

နောက်ဆုံး ရေးသားချိန် 16 ဒီဇင်ဘာလ 2012 - 01:43 GMT
sandy_hook_newtown

သေဆုံးခဲ့ရသူတွေအတွက် ဆုတောင်းပေးနေသူတွေ

သောကြာနေ့က အမေရိကန် ပြည်ထောင်စု ကွန်နက်တီကတ် ပြည်နယ်မှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံး ခဲ့ရတဲ့ ကလေး သူငယ် ၂၀ ဟာ အသက် ၆ နှစ်နဲ့ ၇ နှစ် အရွယ်တွေ ဖြစ်ကြတယ်လို့ အဲဒီက အာဏာပိုင် တွေက ပြောပါတယ်။

ပြည်နယ်ရဲ့ ဆေးဘက်ဆိုင်ရာ စစ်ဆေးရေးမှူးချုပ် အိတ်(ချ) ဝိန်း ကာဗာက အဲဒီ ကလေး တွေထဲမှာ ၁၂ ယောက်က မိန်းကလေးတွေ ဖြစ်ပြီး ကျန် ၈ ဦးကတော့ ယောက်ျားလေးတွေ ဖြစ်တယ်လို့ သတင်းထောက် တွေကို ပြောကြား ခဲ့ပါတယ်။

တခြား အသတ်ခံခဲ့ ရတဲ့ လူကြီး ၆ ဦး စလုံး ကတော့ အမျိုးသမီးတွေ ဖြစ်ပါတယ်။

မစ္စတာ ကာဗာက ဒီ သေဆုံး ခဲ့ရသူ တွေထဲက တချို့ဟာ ဆိုရင် သေနတ် သမား အဓိက အသုံးပြု သွားတဲ့ ရိုင်ဖယ် သေနတ်နဲ့ အချက်များစွာ အပစ်ခံခဲ့ ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အစောပိုင်း တုန်းကတော့ ရဲတပ်ဖွဲ့က ဒီ သေနတ်သမား အက်ဒမ် လန်ဇာ ဘာကြောင့် ဒီလို တိုက်ခိုက် မှုတွေ လုပ်ခဲ့ ရတယ်ဆိုတဲ့ မေးခွန်းအတွက် အဖြေကိုပေးနိုင်ဖို့ အထောက်အထား တွေ့ရှိ ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီ သေနတ်သမား လန်ဇာ ကတော့ ကလေးတွေကို ပစ်ခတ် သတ်ဖြတ်ပြီး သူ့ကိုယ်သူ ပြန်ပြီး မပစ်ခင်မှာ ဘာမှ ပြောကြား ခဲ့တာမျိုး မရှိခဲ့ဘူးလို့ မျက်မြင် သက်သေတွေက ပြောကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။