BBC navigation

တောင်အာဖရိက သမ္မတ ဇူးမား ပါတီ ဥက္ကဌ ပြန်ဖြစ်

နောက်ဆုံး ရေးသားချိန် 18 ဒီဇင်ဘာလ 2012 - 16:23 GMT

မစ္စတာ ဇူးမားဟာ မဲအရေ အတွက် သုံးထောင် နီးပါးနဲ့ အပြတ် အသတ် အနိုင်ရှိ ခဲ့ပါတယ်

တောင်အာဖရိက နိုင်ငံ သမ္မတ ဂျေကော့ ဇူးမားကို အာဏာရ အေအန်စီ ပါတီ ခေါင်းဆောင် အဖြစ် ပြန်လည် ရွေးကောက် တင်မြောက် လိုက်ကြပါတယ်။

ဒါဟာ မစ္စတာ ဇူးမား အတွက် နောက်ထပ် သမ္မတ သက်တမ်း ၅ နှစ် အတွက် အာမခံချက် ရှိစေ နိုင်မယ့် အောင်မြင်မှုလည်း ဖြစ်ပါတယ်။

အာဖရိက အမျိုးသား ကွန်ကရက် (African National Congress )အေအန်စီ ပါတီ ကိုယ်စားလှယ် တွေက ပါတီ ခေါင်းဆောင် အတွက် မဲပေးခဲ့ ကြရာမှာ၊ မစ္စတာ ဇူးမားက မဲ အရေ အတွက် သုံးထောင်နီးပါးနဲ့ ပါတီ ဒုဥက္ကဌ ခါလီမန် မို့လဲ့သီ ကို အပြတ် အသတ် အနိုင် ရရှိ သွားတာ ဖြစ်ပါတယ်။

အဂတိ လိုက်စားမှု တွေနဲ့ ပတ်သက်ပြီး မစ္စတာ ဇူးမားရဲ့ နေရာ အတွက် စိုးရိမ် စရာ ကောင်းလောက် အောင် စိန်ခေါ်မှုတွေ လုပ်ခဲ့တဲ့ မစ္စတာ မို့လဲ့သီ ကတော့ မဲ တထောင် နီးပါးသာ ရရှိခဲ့ ပါတယ်။

ပါတီရဲ့ ဒုတိယ ဥက္ကဌ နေရာ အတွက် သန်းကြွယ် သူဌေးကြီး ဖြစ်တဲ့ ဆီးရယ် ရာမာပို့ဆာ ကို ရွေးချယ်လိုက် ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။