BBC navigation

အထည်ချုပ်စက်ရုံမီး တမင်ရှို့မီးလို့ စုံစမ်းရေး ကော်မတီပြော

နောက်ဆုံး ရေးသားချိန် 18 ဒီဇင်ဘာလ 2012 - 00:59 GMT

မီးလောင်မှုကြောင့် သေဆုံးသွားတဲ့ အလောင်းတွေ

ဘင်္ဂလား ဒေ့ရှ် နိုင်ငံမှာ ပြီးခဲ့တဲ့ လတုန်းက အလုပ်သမား တရာကျော် သေဆုံးခဲ့ ရတဲ့ အထည်ချုပ် စက်ရုံ မီးလောင်မှုဟာ တမင်တကာ ရှို့မီး ဖြစ်တယ်လို့ တရားဝင် စုံစမ်း စစ်ဆေးရေး အဖွဲ့က ပြောပါတယ်။

ဘယ်သူ ဘယ်ဝါက ရှို့တယ် ဆိုတာကို မပြောဘဲ ဒီမီးဟာ တမင်သက်သက် ရှို့ရာက စတင်လောင်ကျွမ်းတဲ့ မီးဖြစ်တယ်လို့ စုံစမ်းရေး ကော်မတီက ဆိုပါတယ်။

ဒါ့အပြင် ဒက္ကားမြို့တော်စွန်မှာ ရှိတဲ့ ဒီစက်ရုံ မီးလောင်မှုဟာ ပိုင်ရှင်ရဲ့ လုံးဝ လျစ်လျူရှုမှု ဖြစ်တယ်လို့လည်း ဘီဘီစီကို စုံစမ်း စစ်ဆေးရေး ကော်မတီ အကြီးအကဲက ပြောပါတယ်။

အလယ်အလတ် ရာထူး အဆင့်ရှိတဲ့ အရာရှိ ကိုးယောက်က မီးလောင်နေတုန်း အလုပ်သမားတွေကို အဆောက်အဦးထဲကနေ ပေးမထွက်ခဲ့ဘူး ဆိုတာကို တွေ့ရတယ်လို့ သူက ပြောပါတယ်။

လုပ်ငန်းခွင့် အန္တရယ် ကင်းရှင်းရေး ခွင့်ပြုချက် မရဘဲ ဖွင့်ထားတဲ့ ဒီစက်ရုံဟာ အနောက်နိုင်ငံက လက်လီသမားတွေ အတွက် အထည်တွေ ထုတ်လုပ်ပေးတာ ဖြစ်ပါတယ်။

ကနဦး စစ်ဆေး တွေ့ရှိချက်တွေ တုန်းကတော့ လျှပ်စစ်မီး ရှော့ဖြစ်ပြီး လောင်တာလို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။