BBC navigation

တိုက်ခိုက်ရေး သေနတ် အိုဘားမားတားမြစ်လို

နောက်ဆုံး ရေးသားချိန် 19 ဒီဇင်ဘာလ 2012 - 01:02 GMT
us

သေနတ် ကိုင်ဆောင်ရေး အားပေးသူများလဲရှိ

သောကြာနေ့ ကွန်နက်တီကတ် ပြည်နယ် စာသင်ကျောင်း သေနတ် ပစ်မှုကြီး ဖြစ်ပွားပြီးနောက် တိုက်ခိုက်ရေး သေနတ်တွေ အသုံးပြုမှုကို ပြန်ပြီး တားမြစ်ဖို့ သမ္မတ အိုဘားမား ဆန္ဒ ရှိကြောင်း အိမ်ဖြူတော်က ထုတ်ပြန် လိုက်ပါတယ်။

တိုက်ခိုက်ရေး သေနတ်တွေ အသုံးပြုမှုကို ပြန်ပြီး ပိတ်ပင်ဖို့ ဒီမိုကရက် အထက် လွှတ်တော်အမတ် ဖိန်းစတိန်း ရဲ့ ကြိုးပမ်းမှုကို သမ္မတက အားတက်သရော ထောက်ခံ နေတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ ဂျေးကာနေက ပြောကြား လိုက်ပါတယ်။

သေနတ် ဝယ်သူ တွေရဲ့ ဇာစ်မြစ် နောက်ကြောင်း တွေ စစ်ဆေးမှုကို ပိုပြီး တင်းတင်းကျပ်ကျပ် လုပ်ဖို့ မစ္စတာ အိုဘားမား လိုလားကြောင်းလဲ သူက ပြောပါတယ်။

ဒီအချိန် မှာပဲ သောကြာနေ့က အဖြစ်ဆိုးမျိုး ထပ်မဖြစ် ရအောင် အဓိပ္ပာယ် ရှိတဲ့ ကူညီမှု မျိုး ကမ်းလှမ်း နိုင်ဖို့ ပြင်ဆင် ထားတယ်လို့ အမေရိကန်မှာ သြဇာ အညောင်းဆုံး သေနတ် ကိုင်ဆောင်ခွင့် ပြုရေး အားပေးတဲ့ အမျိုးသား ရိုင်ဖယ် အဖွဲ့ က ပြောကြား လိုက်ပါတယ်။

သေနတ် သမား တယောက် ဝင်ပစ် သွားလို့ ကလေး အယောက် ၂ဝ နဲ့ လူကြီး ၆ ယောက် သေဆုံး ခဲ့ရတဲ့ လူသတ်မှုကြီး အတွက် အဖွဲ့သား များ အနေနဲ့ အင်မတန် ကြေကွဲ ဝမ်းနည်းရတယ်လို့ အဖွဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။