BBC navigation

ဆီးရီးယားအတွက် ကူညီကြဖို့ ကုလပန်ကြား

နောက်ဆုံး ရေးသားချိန် 19 ဒီဇင်ဘာလ 2012 - 16:16 GMT

ဆီးရီးယား နိုင်ငံရဲ့ လူဦးရေ ၄ ချိုး ၁ ချိုး ဟာ လူသာချင်း ဆိုင်ရာ အကူ အညီတွေ လိုအပ်နေ

ဆီးရီးယား နိုင်ငံက ထွက်ပြေး လာကြတဲ့ ဒုက္ခသည် တွေကို ကူညီရေး အတွက် ဒေါ်လာ ၁ ဘီလျံ ခွဲ ထည့်ဝင် ကြဖို့ကို ကုလသမဂ္ဂ ကနေ ဆော်သြ လိုက် ပါတယ်။

ဒီငွေတွေနဲ့ ဒုက္ခသည် အနည်းဆုံး ၁ သန်း လောက်ကို ရှေ့နှစ် ပထမ ၆ လ အထိ ကူညီဖို့ ကုလသမဂ္ဂက ရည်ရွယ် ထားတာ ဖြစ်ပါတယ်။

ဒုက္ခသည် တွေဟာ ဆီးရီးယားရဲ့ အိမ်နီးချင်း နိုင်ငံတွေကို ဝင်ရောက်လာ နေရာ၊ နေ့စဉ် ပျမ်းမျှ ထောင်နဲ့ ချီပြီး ရောက်ရှိ လာနေ ကြတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ ဆီးရီးယား ဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေး မှူး ပြောတာ ကတော့ တိုင်းပြည် ကနေ ထွက်ပြေး လာသူတွေ အပြင် ဆီးရီးယား နိုင်ငံ ထဲမှာလည်း အိုးအိမ် စွန့်ခွာ ထွက်ပြေး နေရ သူပေါင်း ၄ သန်း ကျော် ရှိနေ တယ်လို့ ဆိုပါတယ်။

ဆီးရီးယား နိုင်ငံရဲ့ လူဦးရေ ၄ ချိုး ၁ ချိုး ဟာ လူသာချင်း ဆိုင်ရာ အကူ အညီတွေ လိုအပ် နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။