BBC navigation

အမေရိကန်ရဲ့ ကလေးမွေးစားမှုကို ရုရှားပိတ်ပင်မယ်

နောက်ဆုံး ရေးသားချိန် 20 ဒီဇင်ဘာလ 2012 - 16:02 GMT

အမေရိကန်က ပြဌာန်း လိုက်တဲ့ ဥပဒေဟာ နှစ်နိုင်ငံ ဆက်ဆံ ရေးကို ထိခိုက် စေတယ်လို့ ပြောကြား

လူ့အခွင့် အရေး ချိုးဖေါက် မှုတွေ လုပ်ခဲ့ တယ်လို့ သံသယ ရှိသူ ရုရှား အရာရှိ တွေကို အမေရိကန် ပြည်ထောင်စု ကနေ နာမည်ပျက် စာရင်းထဲ ထည့်လိုက်တဲ့ ဥပေဒ သစ် တခု အပေါ်၊ ရုရှား သမ္မတ ဗလာဒီ မီယာ ပူတင်က ပြင်းပြင်း ထန်ထန် ဝေဖန် ရှုတ်ချ လိုက် ပါတယ်။

နှစ်စဉ် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ ပူတင်က၊ အမေရိကန်က ပြဌာန်း လိုက်တဲ့ ဒီဥပဒေဟာ နှစ်နိုင်ငံ ဆက်ဆံ ရေးကို ထိခိုက် စေတယ်လို့ ပြောကြား သွား ပါတယ်။

ဒါကို တုံ့ပြန်တဲ့ အနေနဲ့ ရုရှား ကလေးတွေကို အမေရိကန်တို့ မွေးစားတာကို တားမြစ်တဲ့ ဥပဒေ ကို ရုရှားတို့က ပြန်ထုတ်ဖို့ ရှိရာ၊ ဒါဟာ စိတ်မကောင်း စရာ ဖြစ်ပေမယ့် လုပ်သင့် တယ်လို့ သူက ပြောပါတယ်။

ဒါပေမယ်လို့ ဒီတား မြစ်တဲ့ ဥပဒေကို ရုရှား ပါလီမန်က နောက်ဆုံးပိတ် အတည်ပြု ပြီးရင်၊ ဒီဥပဒေကို လက်မှတ်ထိုး မယ်လို့တော့ မစ္စတာ ပူတင်က ယတိပြတ် ကတိပေး ပြောကြား တာမျိုး မလုပ်ခဲ့ပါ။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။