BBC navigation

ကင်ညာ အကြမ်းဖက်မှု လူ အများအပြား သေဆုံး

နောက်ဆုံး ရေးသားချိန် 21 ဒီဇင်ဘာလ 2012 - 16:23 GMT

တိုက်ခိုက်သူတွေဟာ ရွာက အိမ်တွေကို ပါ မီးရှို့ ခဲ့

ကင်ညာနိုင်ငံ တောင်ပိုင်းမှာ အသစ် ထပ်မံ ဖြစ်ပွား ခဲ့တဲ့ အကြမ်းဖက်မှု တွေကြောင့် လူပေါင်း အနည်းဆုံး ၃၉ ဦး သေဆုံး သွားတယ်လို့ ကင်ညာ ရဲ တပ်ဖွဲ့က ပြောပါ တယ်။

တာနာ မြစ်ဝ ကျွန်းပေါ် ဒေသက ရွာတရွာကို ဓားတွေနဲ့ တခြား လက်နက်တွေ ကိုင်ဆောင် ထားတဲ့ လူတွေ ကနေ ဝင်ရောက် တိုက်ခိုက် ခဲ့တာ ဖြစ်ပြီး၊ အိမ်တွေ ကိုလည်း မီးရှို့ခဲ့ကြတာ ဖြစ်ပါတယ်။

အာဏာပိုင်တွေ ကနေ ရဲ အရန် တပ်ဖွဲ့တွေကို လေယာဉ်နဲ့ အဲဒီကို စေလွှတ်ခဲ့ ရပါတယ်။

သြဂုတ်လတုန်း ကလည်း အဲဒီဒေသမှာ လူမျိုးရေး တိုက်ခိုက်မှု တွေကြောင့် လူပေါင်း တရာကျော် သေဆုံး ခဲ့ရပါတယ်။

တိုက်ခိုက် ခံခဲ့ရ သူတွေဟာ အော်မာ ကျွဲနွား ပိုင်ရှင်တွေ ဖြစ်ကြပြီး၊ သူတို့ တတွေဟာ လယ်မြေနဲ့ ရေ ရရှိရေး အတွက် မကြာခဏ ဆိုသလို ပက်ကိုမို လယ်သမား တွေနဲ့ အချင်းများလေ့ ရှိကြ ပါတယ်။

ဒါပေမယ်လို့ ကင်ညာမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် ပြောတာ ကတော့ ရှေ့နှစ် ရွေးကောက်ပွဲ နီးလာ နေပြီ ဖြစ်တာ ကြောင့် အခု ဖြစ်ရပ်ဟာ နိုင်ငံရေး နဲ့ ပတ်သက် နေပုံ ရတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။