BBC navigation

ကျောင်းတွေမှာ လက်နက်ကိုင်စောင့်ထားမလား

နောက်ဆုံး ရေးသားချိန် 22 ဒီဇင်ဘာလ 2012 - 00:53 GMT
newtown

ကျောင်းတွေဟာ လူသတ်သမားတွေရဲ့ ပစ်မှတ် ဖြစ်

ကွန်နက်တီကပ် ပြည်နယ်က ကလေး လူကြီး ၂၆ ယောက် သေဆုံး ခဲ့ရတဲ့ သေနတ်ပစ်မှုကြီး အပြီး အမေရိကန် အမျိုးသား ရိုင်ဖယ် အသင်းကြီးက ကျောင်းတိုင်းမှာ လက်နက်ကိုင် အစောင့်တွေ ထားရှိဖို့ နှိုးဆော်လိုက်ပါတယ်။

ကျောင်းတွေမှာ လက်နက် ကိုင်ဆောင်မှု တားမြစ် ထားတဲ့အတွက် စိတ်ဝေဒနာရှင် လူသတ်သမားတွေရဲ့ ပစ်မှတ် ဖြစ်လာနေပြီလို့ ရိုင်ဖယ် အသင်း အမှုဆောင် အရာရှိချုပ် ဝိန်း လာပြဲက ပြောကြား လိုက်ပါတယ်။

ငွေအတွက်၊ အားကစား ကွင်းတွေနဲ့ နာမည်ကြီးကို အကာအကွယ် ပေးတာထက် ကလေးတွေကို ဂရုစိုက် သင့်တယ်၊ သူတို့ အသင်းက ကျောင်းတိုင်းကို အခမဲ့ စောင့်ရှောက် ပေးမယ်လို့ ဝိန်းလာပြဲက ပြောကြား သွားပါတယ်။

နိုင်ငံ အကျပ် ဆိုက်နေချိန်မှာ အရှက်မရှိ တာဝန်မဲ့လွန်းတယ်လို့လဲ နယူးယောက် မြို့တော်ဝန် မိုက်ကယ် ဘလွန်းဘတ် က ရိုင်ဖယ် အသင်းကို စွပ်စွဲ လိုက်ပါတယ်။

သေနတ်ပစ်မှု တပတ် လည်တဲ့ အမှတ်တရ အမေရိကန် နိုင်ငံ တဝှမ်း ဝမ်းနည်းခြင်း အထိမ်းအမှတ် ငြိမ်သက် ခဲ့ကြပါတယ်။

ဒီ ရက်လည် ချိန် မှာပဲ ပင်ဆယ်လ် ဗေးနီးယား ပြည်နယ်မှာ လူ ၄ ယောက် ပစ်သတ် ခံရ ပြန်ပါတယ်။

အခင်း ဖြစ်ပွားရာ နေရာက လုံခြုံရေး တပ်သား အတော်များများ ထိခိုက် ဒဏ်ရာ ရခဲ့ပြီး သေနတ် သမား တယောက်လဲ သေဆုံးတယ်လို့ သတင်း ရရှိ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။