BBC navigation

တရုတ် စစ်ဗိုလ်ချုပ်တွေ အတွက် စည်းကမ်းချက်ထုတ်

နောက်ဆုံး ရေးသားချိန် 22 ဒီဇင်ဘာလ 2012 - 17:30 GMT

တရုတ် နိုင်ငံမှာ စစ်တပ် ထိပ်ပိုင်း အရာရှိတွေ ရဲ့ ငွေဖြုန်းတီးမှုတွေကို အရေးယူ ဆောင်ရွက် မယ့် စည်းမျဉ်း စည်းကမ်းတွေ ထုတ်ပြန်လိုက် ပါပြီ။

ဒါဟာ ခေါင်းဆောင်သစ် ရှီ ဂျင်ပင်းရဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဆောက်ရွက်မှု တွေရဲ့ တစိတ် တပိုင်း ဖြစ်ပါတယ်။

စစ်တပ် ဝန်ထမ်းတွေရဲ့ ကားတွေ သွားတဲ့ အခါ တခြားကား တွေက လမ်းဖယ် ပေးဖို့ အတွက် ဥသြ ဆွဲတာ ကိုလည်း တားမြစ် မှုတွေ ပြုလုပ်လိုက် ပါတယ်။

စစ်ဗိုလ်ချုပ်တွေ အနေနဲ့ ငွေကြေး အကုန် အကျများတဲ့ ညစာ စားပွဲတွေ ၊ ကော်ဇောနီခင်း အခမ်း အနားတွေနဲ့ စင်တင် ဖျော်ဖြေ ပွဲတွေ မလုပ်ပဲ၊ ဂုဏ်ပြု တပ်ဖွဲ့တွေ နဲ့ ကြိုဆို တာတွေ ကိုလည်း လျှော့ချပြီး၊ ခေျွတာရေး လုပ်ဖို့ ဒီ စည်းကမ်းချက်တွေ ထဲမှာ ဖေါ်ပြထား ပါတယ်။

အရက် သေစာကိုလည်း အနည်း အကျဉ်းသာ သုံးဆောင်ဖို့ စည်းကမ်း အသစ်တွေ ထဲမှာ ပါဝင် ပါတယ်။

ထိပ်ပိုင်း ခေါင်းဆောင် တွေရဲ့ လက်အောက် ငယ်သားတွေနဲ့ ဆွေမျိုး သားချင်းတွေ အနေနဲ့ လက်ဆောင်တွေ ယူတာတွေ မလုပ်ဖို့ ကိုလည်း အမိန့်ထုတ် ပြန်လိုက်ပါတယ်။

နိုင်ငံရေး ခေါင်းဆောင်တွေ အနေနဲ့လည်း အလားတူ စည်ကမ်းတွေကို လိုက်နာဖို့ ဒီလ အစောပိုင်းက အမိန့် ထုတ်ပြန်ထား ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။