BBC navigation

ပုပ်ရဟန်းမင်းကြီးက သူ့ဘဏ္ဍာစိုး ဟောင်းကို လွတ်ငြိမ်းခွင့်ပေး

နောက်ဆုံး ရေးသားချိန် 22 ဒီဇင်ဘာလ 2012 - 23:45 GMT
pope butler

ပုပ်ရဟန်းမင်းကြီးနဲ့ မစ္စတာ ဂါဘရီယဲလ်

အရင်က ပုပ်ရဟန်း မင်းကြီး ဘဲန်းနက်ဒစ်ရဲ့ ဘဏ္ဍာစိုး ကို ပုပ်ရဟန်း မင်းကြီးက ပြစ်ဒဏ် ကနေ လွှတ်ငြိမ်းခွင့် ပေးလိုက်ပါတယ်။

သူ့ကို အရေးကြီးတဲ့ စာရွက်စာတမ်း တွေကို ခိုးယူ ခဲ့မှုနဲ့ ထောင်ဒဏ် ၁၈ လ ချမှတ် ထားခဲ့တာ ဖြစ်ပါတယ်။

ဗာတီကန်က ထုတ်ပြန်တဲ့ ကြေညာချက် ထဲမှာ ပုပ်ရဟန်းမင်းကြီး ဘဲန်းနက်ဒစ်က ဒီ ဘဏ္ဍာစိုးဟောင်း ပေါ်လို ဂါဘရီယဲလ် ရှိရာ ဗာတီကန် အကျဉ်းထောင်ကို ကိုယ်တိုင် သွားတွေ့ပြီး သူတင်သွင်း ထားတဲ့ အယူခံကို လက်ခံတဲ့ အကြောင်းကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

မစ္စတာ ဂါဘရီယဲလ်ကို ပြီးခဲ့တဲ့ အောက်တိုဘာလက အရေးကြီးတဲ့ စာရွက်စာတမ်း တွေကို ခိုးယူပြီး သတင်းထောက် တဦးကို ပေးခဲ့တဲ့ အတွက် ပြစ်ဒဏ် ချမှတ် ထားတာ ဖြစ်ပါတယ်။

မစ္စတာ ဂါဘရီယဲလ်ကို ကူညီပေးခဲ့တဲ့ တခြား ဗာတီကန်ရဲ့ ဝန်ထမ်း တဦးကိုလည်း လွတ်ငြိမ်းခွင့် ပေးခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။