BBC navigation

တိုက်ခိုက်မှုကြောင့် လူတွေ အိုးအိမ်မဲ့ ဖြစ်ရလို့ MSF ဆို

နောက်ဆုံး ရေးသားချိန် 24 ဒီဇင်ဘာလ 2012 - 01:30 GMT

လူတွေ အိုးအိမ်မဲ့ ဖြစ်ရကြောင်း နယ်စည်းမခြား ဆေးကုသရေး အဖွဲ့က ပြော

အလယ်ပိုင်း အာဖရိက သမ္မတ နိုင်ငံက တတိယ အကြီးဆုံး Bambari မြို့ကို Seleka ညွှန့်ပေါင်း အဖွဲ့လို့ ခေါ်တဲ့ သူပုန်တွေက သိမ်းယူလိုက်ပါပြီ။

အစိုးရက စေ့စပ် ညှိနှိုင်းရေး တောင်းဆို နေတဲ့ကြားက သူပုန်တွေက မြို့ကို သိမ်းလိုက်တာ ဖြစ်ပါတယ်။

ဘမ်ဘာရီ မြို့ဟာ စိန်တွင်းတွေနဲ့ နိုင်ငံ အရှေ့ပိုင်းကို သွားရာ လမ်းဆုံ ဖြစ်တဲ့ အတွက် အရေးပါလှပြီး အခုလ အစောပိုင်း ကတည်းက စည်းရုံးလှုပ်ရှားမှုတွေ လုပ်နေကတည်းက ဆိုရင် ဆဠမမြောက် သူပုန်တွေ သိမ်းလိုက်တဲ့ မြို့လည်း ဖြစ်ပါတယ်။

ဒါ့အပြင် ခုသိမ်းလိုက်တဲ့ ဒေသဟာ နိုင်ငံ မြို့တော် ဘမ်ဂီနဲ့ အနီးဆုံး အရပ်လည်း ဖြစ်ပါတယ်။

အစိုးရက ကင်းလှည့်ပေး နေတဲ့ တချို့ ဒေသတွေ အပါအဝင် တိုက်ခိုက်မှုတွေကြောင့် လူအများအပြား အိုးအိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ Medecins Sans Frontieres နယ်စည်းမခြား ဆေးကုသရေး အဖွဲ့ ပြောခွင့်ရသူက ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။