BBC navigation

အာဖဂန် လုံခြုံရေး အချင်းချင်း ပစ်သတ်

နောက်ဆုံး ရေးသားချိန် 24 ဒီဇင်ဘာလ 2012 - 15:36 GMT

ဒီနှစ်အတွင်း အာဖဂန် လုံခြုံရေး လက်ချက်နဲ့ သေဆုံးခဲ့ ရတဲ့ နိုင်ငံခြား တပ်ဖွဲ့ဝင် ၅၀ ကျော် သွားပြီ

အာဖဂန် နစ္စတန်မှာ အမျိုးသမီး ရဲ အရာရှိ တဦး ကနေ သူ့ရဲ့ လုပ်ဖေါ် ကိုင်ဖက် အနောက် နိုင်ငံသား အကြံပေး အရာရှိ တဦးကို ပစ်သတ် လိုက်ပါတယ်။

အမျိုး သမီးရဲ တဦး ကနေ အခုလို ပစ်သတ် လိုက်တာဟာ အာဖဂန် မှာ ဒါ ပထမဦးဆုံး ဖြစ်ရပ်ပါ။ ဖြစ်ပွား ခဲ့တဲ့ နေရာ ကတော့ လုံခြုံရေး အထူး ချထားတဲ့ ကာဘူးမြို့ ရဲဌာနချုပ် ရုံး နေရာမှာ ဖြစ်ပါတယ်။

နာဂစ်လို့ အမည် ရတဲ့ ဒီ အမျိုးသမီး ရဲ အရာရှိဟာ သူ့ အကြံပေး ဖြစ်သူ အမေရိကန် နိုင်ငံသားကို ပစ်သတ် လိုက်တာ ဖြစ်ပါတယ်။ အခုတော့ သူ့ကို မေးမြန်း စစ်ဆေး မှုတွေ ပြုလုပ် နေပါပြီ။

အာဖဂန်မှာ ရှိတဲ့ နိုင်ငံ တကာ တပ်ဖွဲ့ဝင် ပြောခွင့်ရသူ တပ်မှူး C Madower ကလည်း အခုလို ဖြစ်ရပ်တွေ မဖြစ် ရအောင် ဆက်လက် ကြိုးပမ်း ဆောင်ရွက် သွား ရမယ် လို့ ဆိုပါတယ်။

နိုင်ငံ အနောက်မြောက်ဘက် ဂျိုးဂျန် ပြည်နယ် မှာလည်း အမျိုးသား ရဲအရာရှိ တဦးရဲ့ ပစ်ခတ်မှုကြောင့် လုပ်ဖေါ် ကိုင်ဖက် ၆ ဦး သေဆုံး သွားတယ်လို့ ဆိုပါတယ်။

ဒီနှစ် အတွင်း အာဖဂန် လုံခြုံရေးတွေ လက်ချက်နဲ့ သေဆုံး သွားခဲ့ ရတဲ့ နိုင်ငံတကာ တပ်ဖွဲ့ဝင် အရေ အတွက်ဟာ ၅၀ ကျော် သွားပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။